ဖားကန့်မြို့နယ်တွင် တစ်ရက်တည်း စျေးသည်(၂)ဦးပစ်သတ်ခံရပြီး ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

ဖားကန့်မြို့နယ်တွင် တစ်ရက်တည်း စျေးသည်(၂)ဦးပစ်သတ်ခံရပြီး ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက်(၂)ရှိ မိုးရတနာရွှေဆိုင်ကို လက်နက်ကိုင်လူတစ်စုက ခြိမ်းခြောက်ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ(၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ဖြစ်ပွားခဲ့တယ်လို့  ဒေသခံများထံမှ သိရပါတယ်။

“ရွှေက ခန့်မှန်းခြေ တစ်ပိဿာနီးနီးပါသွားတယ်လို့ပြောတယ် ကျန်တဲ့ ကျောက်စိမ်းနဲ့ပတ်သက်တဲ့ ကျောက်စိမ်း လက်စွပ်တို့ လက်ကောက်တို့ ဆွဲကြိုးတို့ အစုံပေါ့ ပြီးရင် ကောင်တာကိုထုခွဲပြီး ရသလောက်ကို ကြုံးယူသွားတာ ပေါ့” လို့ လုံးခင်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ထားသော လူငယ်လေးဦးက မော်တော်ဆိုင်ကယ် (၂)စီး ဖြင့် လာရောက်သွားတာဖြစ်ပြီး ပစ္စည်းများခြိမ်းခြောက်တောင်းခံကာ ဝန်ထမ်းများကို ပစ်ခတ်သွားခြင်း မရှိဘူး လို့ ဆိုပါတယ်။

တစ်ရက်တည်း နေ့လည် ၂နာရီခွဲ ဝန်းကျင်အချိန်မှာ ဖားကန့် ဖားပြင်ကျေးရွာမှ ဆန်းကြွယ်ကျေးရွာသို့ သွားလမ်း ပေါ်တွင် စျေးသည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရပါတယ်။

“ဆီဖြည့်နေတုန်းရှိသေးတယ် အဲ့ဒီအမျိုးသားက အသတ်ခံရတာ သူက အာလူးကြော် ရောင်းတဲ့အသည် သူနဲ့ တစ်ချိန်တည်းမှာပဲ နောက်ထပ်တစ်ယောက် အသတ်ခံရတယ်။ တစ်ရက်တည်း သေနတ်ဒဏ်ရာနဲ့ နှစ်ယောက် သေတာပေါ့” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်အပြင်  ဖားကန့်မြို့  မမုံကျေးရွာဆိုင်းဘုတ်အနီး ဆီဆိုင်တစ်ခုတွင် ဆီဖြည့်နေသော အသက်(၅၀) ကျော် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်ဟု ဆိုကြပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ယခုရက်ပိုင်းအတွင်းမှာပင် အမည်မသိလက်နက်ကိုင် လူတစ်စုရဲ့  ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...