ဖရူဆိုမြို့နယ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ပျက်စီးမှုရှိ

ဖရူဆိုမြို့နယ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ပျက်စီးမှုရှိ

ကယား (ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်နဲ့ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီရွာမှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတာမျိုးလည်းမရှိဘဲ စစ်ကောင်စီက အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါ တယ်။

ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက “လူကို ထိခိုက်သွားတာတော့မရှိဘူးပေါ့နော။ အိမ်ကိုတော့ ပျက်စီးသွား တယ်ပေါ့။ လူက ဗုံးခိုကျင်းထဲဝင်နေလိုက်လို့ပေါ့။ အကုန်လုံးဝင်တယ်ပေါ့။ မောင်လေးက ဝင်ပြီး သေချာတောင် မဝင်လိုက်သေးဘူး။ အဲ့ဒါကျသွားတယ် နောက် ဒါပေမယ့် ကံကောင်းလို့ပေါ့ မထိဘူး။ အိမ်မှာအိပ်နေတဲ့ မိသားစု က ၇ယောက်ရှိတယ်။ ကလေးငယ် ၃ယောက်ရှိတယ်။ ၅ နှစ်ကျော် တစ်ယောက်ရယ်၊ ၄ နှစ်ကျော် တစ်ယောက် ရယ်၊ ၁နှစ်ကျော် ၁ယောက်ရယ်” လို့ ပြောပါတယ်။

စာသင်ကျောင်းဆောင် အနီးမှာ တလုံးကျရောက်ခဲ့ပြီး စာသင်ကျောင်းဆောင်၊ အိမ်သာ၊ ဆရာ ဆရာမနေအိမ် တွေကို ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လူနေအိမ်အနီးမှာလည်း တလုံးကျရောက်ခဲ့တာကြောင့် အိမ် ၄ လုံး ပျက်စီးခဲ့သလို အခြားသော ထိခိုက် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အဆိုပါ ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့် နေကြရပြီး စစ်ရှောင်ကြသူတွေလည်း ရှိနေပါတယ်။

“လန့်သွားတာပေါ့ တော်တော်ကို အဖိုးအဖွားကိုလည်း တော်တော်စိုးရိမ်သွားတယ်။ ရုတ်တရက်ကြီးဆိုတော့ လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် လူကဘာမှမဖြစ်တော့ တော်တော်ကံကောင်း တယ်လို့ပဲ ထင်တာပေါ့နော။ အကယ်၍ အရင်သာမကြားခဲ့ရင်ပေါ့နော ကျောင်းမှာကျတဲ့တစ်လုံး အရင်သာ မကြားခဲ့ရင် မတွေးရက်စရာကြီးပေါ့ ။ ဒီဘက်မှာအိပ်တော့ ဟို အိမ်ကလည်း တော်တော်ပျက်သွားတယ် ဟို သစ် သားကြီး ပြုတ်ကျပြီး ဒဏ်ရာရရင်ရ မရရင် လက်နက်ကြီး မှန်မှာပဲလို့တော့ ထင်တယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လေယာဉ်၊ လက်နက်ကြီးရန်ကို ကြောက်လန့်တာကြောင့် အဆိုပါ ကျေးရွာက စာသင်ကျောင်းကိုလည်း ပြီးခဲ့တဲ့ရက်ကတည်းက ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေနဲ့ စစ်ရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့ အဆိုပါ ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ကျေးရွာအတွင်းကို လက်နက်ကြီးမကြာခဏ ကျရောက်ခဲ့တာလည်း ရှိပါတယ်။

လက်ရှိမှာလည်း ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ် ပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...