တစ်လအတွင်း မင်းတပ်မြို့နယ်ထဲ အရပ်သား ၆၀ ဦးဖမ်းဆီးခံရပြီး ၁၀ ဦး လွတ်မြောက်လာခြင်းမရှိသေး

တစ်လအတွင်း မင်းတပ်မြို့နယ်ထဲ အရပ်သား ၆၀ ဦးဖမ်းဆီးခံရပြီး ၁၀ ဦး လွတ်မြောက်လာခြင်းမရှိသေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားများကို မတရားစွပ်စွဲ ဖမ်းဆီးမှုများ ပိုမိုပြုလုပ် လာနေပြီး  တစ်လအတွင်း အရပ်သားပြည်သူ ၆၀ ဦးကို ဖမ်းဆီး၍ ၅၀ ဦးကို ပြန်လွှတ်ပေးသော်လည်း ၁၀ ဦးကို ဖမ်းဆီးထားဆဲ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မင်းတပ်မြို့၏ နေရာ ၆ ခုမှ အရပ်သားပြည်သူ ၆၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မြို့ပေါ် ဘဝသစ်အရပ်၊ အရှေ့ပြင်အရပ်နှင့် အနောက်ပြင်အရပ်တို့မှ အရပ်သား ၁၀ ဦးကို ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း CDF - မင်းတပ်က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

မင်းတပ်မြို့ပေါ်တွင် ရေနှင့် မီးပြတ်တောက်နေသည့်အပြင် စစ်ကောင်စီတပ်က အရပ်သားများကို ပိုမိုခြိမ်း ခြောက်လာမှုကြောင့် ပြည်သူအများစုက မြို့ကို စွန့်ခွာ၍ လုံခြုံသည့် နေရာများကို ပိုမိုရွေ့ပြောင်းလာနိုင်ပြီး မြို့ က ယခင်ထက် ခြောက်ကပ်လာမည့် အလားအလာရှိ သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“ရေလည်း မရှိ၊ မီးလည်း မရှိ ကြားထဲမှာ လုံခြုံရေးအရလည်း ခြိမ်းခြောက်ခံရတဲ့အခါမှာ မြို့ကို စွန့်ခွာတဲ့ လူတွေ က များလာမယ်။ မင်းတပ်မြို့ကတော့ ခြောက်ကပ်လာမယ့် အလားအလာတော့ ရှိပါတယ်။ စစ်ကောင်စီက လည်း ရန်သူကို ရန်သူလို မြင်၊ ပြည်သူကို ပြည်သူလို မြင်ပြီးမှ ဆက်ဆံဖို့ကတော့ ကောင်းမယ်။ သူတို့လည်း သူ တို့ ယူဆမှုနဲ့ သွားကြတယ်ဆိုတော့ ပြည်သူတွေကတော့ တော်တော်လေး ရေရှည်ဆက်ပြီး မြို့ပေါ်မှာ နေထိုင်ဖို့ ကတော့ ခက်ခဲလာမယ်လို့ ယူဆပါတယ်။ ခက်ခဲလာတဲ့အခါမှာ မြို့ပေါ်မှာ ပြည်သူ မရှိရင်တော့ လက်နက်ကိုင် နှစ်ဖွဲ့ပဲ နေကြပြီးမှ ကစားကြတော့မယ်လို့ ယူဆပါတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ခံ ပြည်သူများသည် တခြားဒေသတွင် စစ်ဘေးရှောင်နေသူများ ရှိသကဲ့သို့ အချို့က တောထောင်ထဲ မှာ နေထိုင်ကြရသည်။ အချို့မှာ ဘာပဲဖြစ်ဖြစ်ဟု ခံယူ၍ မြို့ပေါ်မှာ နေထိုင်သူများရှိသကဲ့သို့ အချို့မှာ ဘုရား ကျောင်းနှင့် ဘုန်းကြီးကျောင်းများမှာ မှီခိုနေသူများလည်း ရှိသည်သည်။

စစ်ကောင်စီတပ်နှင့် CDF - မင်းတပ်တို့ ပြီးခဲ့သည့် စက်တင်ဘာတစ်လအတွင်း မြို့တွင်း တိုက်ပွဲ ၄ နေရာတွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာများ ရရှိခဲ့သည်၊ CDF - မင်းတပ်က ရဲဘော် ၁ ဦး ကျဆုံး ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မင်းတပ်မြို့နယ်တွင် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တိုက်နယ် ၂ ဘက်သို့ ရမ်းသမ်းပစ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...