စစ်တွေတွင်ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအတွင်း ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ

စစ်တွေတွင်ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအတွင်း ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ

ရခိုင်ပြည်နည်၊ စစ်တွေမြို့တွင် အောက်တိုဘာ ၅ ရက်နေ့၊ ည ၉ နာရီခန့်က သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး အသက် (၅၀) အရွယ် ဖခင်ဖြစ်သူမှာ သေဆုံးကာ သမီးဖြစ်သူမှာ ဒဏ်ရာရှိ သွားသည်။

သေဆုံးသူမှာ စက်ရုံစုရပ်ကွက်တွင် နေထိုင်သူ ဦးမောင်ကျိုင်စိန် အသက် (၅၁)နှစ် ဖြစ်သည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အောင်ပါရမီဘုန်းတော်ကြီးကျောင်းအနီးတွင် ယနေ့ ည ၉ နာရီခန့်က သေနတ် ဖြင့် ငါးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း  ဖြစ်သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“သေနတ်ငါးချက် ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တော့ ဆေးရုံရောက်ပြီး သေသွားတယ်။ သူ့သမီးလည်း ခြေထောက် မှာ ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရသွားသည့် သူ့သမီး ဖြစ်သူတို့ကို စစ်တွေဆေးရုံသို့ ပို့ဆောင် ထားရသည်။

သေနတ်ဖြစ်ပွားခဲ့သည့်နေရာမှာ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အခြေစိုက်ရုံးနားတွင်ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“စက်ရုံစုရပ်ကွက် ALP ဌာနချုပ်နားမှာဖြစ်သွားတာပါ။ ဘယ်အဖွဲ့က  ပစ်မှန်းတော့ မသိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကလည်း စစ်တွေမြို့လယ်ခေါင်တွင် အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့် ပတ်ခတ် ခံလိုက်ရသလို ချွန်ထက်သည့်အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဓာတ်ပုံ- ပုံဟောင်း

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...