သထုံတွင် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

သထုံတွင် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နေ့ နေ့လည်ခန့်က အငြိမ်းစား ဗိုလ် ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကြာပန်းကျေးရွာ ကရင်စုရပ်နေ အသက် ၅၄ နှစ်အရွယ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းနောင်ဆိုသူသည်  ၎င်း နေအိမ်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အတွင်း ရှိနေစဉ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနောင်သည် ပါး၊ နားထင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်ဟု သိရသည်။

“သူက (ဦးဝင်းနောင်) တပ်ကနေ အငြိမ်းစားယူထားတဲ့ ဗိုလ်ကြီးတစ်ဦးလို့ သိရတယ်။ သူ ပစ်သတ်ခံရတာက သူ့အိမ်မှာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အငြိမ်းစားဗိုလ်ကြီး ဦးဝင်းနောင်ကို သထုံမြို့နယ်ကာကွယ်ရေးအင်အားစုတို့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဦးဝင်းနောင်သည် စစ်ကောင်စီတပ်အတွက် သတင်းစုဆောင်းပေးပို့ခြင်းနှင့် တပ်သားသစ်စုဆောင်းရရှိနိုင်ရန် လုပ်ဆောင်ခဲ့သူဖြစ်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်သည်ဟု သထုံမြို့နယ်ကာကွယ်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။

ဦးဝင်းနောင်သည် အမှတ် (၁) စစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်နှင့် နီးစပ်သူတွေ၊ စစ်ကောင်စီသတင်းပေးဆိုပြီး စွပ်စွဲခံရသူတွေကို ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...