လွတ်ငြိမ်းခွင့်ရ ရိုဟင်ဂျာ ၄၀၀ နီးပါးကို နေရပ်ပြန်ပို့

လွတ်ငြိမ်းခွင့်ရ ရိုဟင်ဂျာ ၄၀၀ နီးပါးကို နေရပ်ပြန်ပို့

ပုသိမ်အကျဥ်းထောင်က စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ရထားသည့် ရိုဟင်ဂျာ အယောက် ၃၇၀ ဦးကို လွတ်ငြိမ်း ခွင့်ရပြီး တစ်လ‌ကျော်အကြာတွင် နေရပ်ကို ပြန်လည် ပို့ဆောင်ခဲ့သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

ရိုဟင်ဂျာ ၃၇၀ ဦးသည် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က လွှတ်ငြိမ်းခွင့် ရရှိခဲ့သော် ပြန်လည် ပို့ဆောင်ရမည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေးအ‌‌အ‌ခြေအနေများကြောင့် စက်တင်ဘာလ တတိယ ပတ်အတွင်း၌သာ နေရပ်ကို ပြန်ပို့နိုင်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက‌ ပြောသည်။

အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက‌ “လွတ်ငြိမ်းခွင့် ရပေမယ် ပြန်ပို့ပေးဖို့ အထက်အမိန့်က ပါမလာတော့ တစ်လ ကျော်လောက် ဆက် ထိန်းသိမ်းထားရတယ်။ အထက်က အဆင်သင့် မဖြစ်တာလည်းပါတယ်။ ကားနဲ့ ကုန်း လမ်းကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောကို ပြန်ပို့တာပါ” ဟု ပြောသည်။

လွတ်ငြိမ်းခွင့်ရ ရိုဟင်ဂျာ အယောက် ၃၇၀ ဦးကို အမျိုးသားများအတွက် ကုန်ကား ၄ စီး၊ အမျိုးသမီးများကို ကုန် ကား ၂ စီးဖြင့် တင်ဆောင်ကာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ နှင့် လဝကတို့က လုံခြုံရေး ကား ၂စီး ဖြင့် ကြီးကြပ်၍ ပို့ပေးခဲ့ခြင်း ဖြစ်သည်။

ယခု နေရပ်ပြန်ပို့လိုက်သော ရိုဟင်ဂျာများ ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်မှုဖြင့် ဖမ်း ဆီးခံခဲ့ရပြီး စစ်ကောင်စီ၏ သက်ဆိုင်ရာ တရားရုံးများမှ လဝက မှတ်ပုံတင် ဥပဒေပုဒ်မ ၆၃ ဖြင့် ထောင်ဒဏ် ၂နှစ်စီ ချခံရသူများ ဖြစ်သည်ဟု ဧရာဝတီ-မြန်မာ မွတ်စလင်မ် ကွန်ရက်က ဆိုသည်။

ကွန်ရက်အဖွဲ့ဝင်တစ်ဦးက “သူတို့က ဒီနိုင်ငံမှာမွေးတဲ့ ဒီနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေတဲ့ သူတွေပါ။ ရခိုင်ပြည်နယ်မှာ မအေးချမ်းဘူး။ စားဝတ်နေရေး ခက်ခဲလို့ အလုပ်အကိုင်အတွက် လာကြတာကို ဖမ်းပြီး ထောင်ချပစ်ကြတာ” ဟု ‌ပြောသည်။

နေရပ်သို့ ပြန်ပို့ခံရသော ရိုဟင်ဂျာများက ရခိုင်ပြည်နယ်နှင့် ရေလမ်း၊ ကုန်လမ်း ထိစပ်နေသော ပုသိမ်ခရိုင် သာပေါင်း၊ ငရုတ်ကောင်း၊ ရွှေသောင်ယံ ၊ ရေကြည်၊ ငသိုင်းချောင်းမြိုနယ်တို့ ဘက်မှ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာကြသူများ ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှ အပြစ်ဒဏ်ကျခံ‌နေရသည့် ထောင်ကျ အကျဥ်းသား အယောက် ၅၀၀ ဦးအား စစ်ကောင်စီက လွှတ်ငြိမ်းခွင့် ပေးခဲ့ရာတွင် ရိုဟင်ဂျာ အယောက် ၃၇၀ နှင့် အတူ နိုင်ငံရေး အကျဉ်းသား ၁၈ ဦး ပါ၀င်ခဲ့သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...