တရုတ်ပြည်ဝင်ရန် တုံကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ

တရုတ်ပြည်ဝင်ရန် တုံကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်သို့ ရောက်ရှိနေသည့် တရုတ်ပြည်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန် အတွက် တုံကင်နံပါတ် စောင့်ဆိုင်းနေသူများ အချို့သည် တစ်လနီးပါး ကြာသည်အထိ  နံပါတ်မရသဖြင့် နေရပ် သို့ ပြန်သွားရသူလည်း ရှိနေသည်။

မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင်၊ ဆင်ဖြူဂိတ် နှင့် ငွေဆင်ဝန်ထမ်းအိမ်အနီး တရုတ်ပြည် ဝင်ရန်အတွက် နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် (TBP) ရရှိရန် စောင့်နေသူများအနက် အချို့သည် အညာဒေသမှ ရောက် လာသူများဖြစ်ကြပြီး တစ်လနီးပါးကြာ စောင့်ဆိုင်းသော်လည်း မရသည့် အတွက် နေရပ်သို့ ပြန်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အညာဘက်ကလာတဲ့သူတွေဆိုရင် တချို့က လမ်းစားရိတ်အတွက် သူများဆီက ချေးငှား လာတာ၊ တချို့လည်း အိမ်တွေ ၊ ခြံတွေရောင်းပြီး လာကြတာ၊ တရုတ်ပြည်ဘက်ကို အလုပ်သွားလုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့၊ ဒါပေမဲ့ ဒီမှာ တစ်လနီးနီးစောင့်နေလည်း တုံကင် နံပါတ်မရတော့ တည်းခိုခ၊ စားဖို့သောက်ဖို့ ခ စတာနဲ့ပဲ ပါလာ တဲ့ ပိုက်ဆံတွေကုန်လို့ နေရပ်ပြန်သွားကြတာလည်း ရှိတယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုး သား တစ်ဦးက ပြောသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် တစ်ခါသုံးကတ် TBP ကို စတင် လုပ်ဆောင်ပေးရာ ယနေ့ အချိန်အထိ သွားရောက်လုပ်ကိုင်သူများ နေ့စဉ်နီးပါး စည်ကားနေလျက်ရှိသည်။

အဆိုပါ တုံကင်နံပါတ် ရရှိရန်အတွက် တာဝန်ရှိသူများမှ တောင်းခံသည့် ငွေကြေး ပမာဏသည် တိုးမြှင့် ကောက်ခံလာကြောင်း တုံကင်နံပါတ်စောင့်ယူနေသူ နှင့် အမျိုးတော်စပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

“စ စ လုပ်ပေးတုန်းကတော့ တစ်ယောက်ကို ကျပ်ငွေ တစ်သောင်းကျော်လောက်ပဲ ယူတာ၊ အဲ့နောက်ပိုင်း တစ် ပတ်အကြာမှာတော့ တစ်ယောက်ကို ကျပ်ငွေ တစ်သိန်း တောင်းတယ်၊ အခုဆိုရင် တစ်ယောက်ကို တရုတ်ယွမ် ငွေ ၅၀၀ ယွမ် (ကျပ်ငွေ ၂ သိန်းကျော်) တောင်းယူနေတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မြန်မာ - တရုတ်နယ်စပ် ဆင်ဖြူဂိတ်မှာ တရုတ်ပြည်ဝင်ခွင့် တစ်ခါသုံးကတ် တိုကင်နံပါတ် အမြန်ဆုံး ရရန် အတွက် တရုတ်ယွမ်ငွေ (၅၀၀) ပေးပြီး လုပ်ယူနေကြောင်း သတင်းထွက်ပေါ်ပေမယ့် သျှမ်းသံတော်ဆင့်မှ အတည်ပြုမရသေးပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း ပြည်တွင်း စီးပွားရေး ကျပ်တည်းလာမှု နှင့် အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် လူငယ် နှင့် ဒေသခံ အများစုတို့သည် နေရပ်စွန့်ခွာပြီး တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့ ပြည်ပ ထွက် အလုပ်လုပ်ကိုင်သူ များပြားလျက်ရှိနေသည်။

Photo - Credit (တရုတ်တွင် ဝင်ရောက် အလုပ်လုပ်ရန် တုံကင်နံပါတ် လာရောက် စောင့်ဆိုင်းသူများ)

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...