မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက တိုက်နယ် ၄ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ မှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၉ ရက်က မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် ၄ ဘက်သို့ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ် ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တစ်လုံးနှင့် အိမ်သာ (၂) လုံးတို့မှာ ထိခိုက်ပျက်စီး သွားသည်။

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက မည်သည့်အတွက်ကြောင့် လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေမှုနှင့် ထိဒဏ်ရာဒဏ်ရာ ရရှိသွားသော ကလေးငယ် ၂ ဦး၏ အခြေအနေကို မင်းတပ် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပြီး ဆက်သွယ်၍ မရသေးပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားသော သက်ကြီးပိုင်း အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဇနီးဖြစ်သူကို ခလရ ၂၇၄ တပ်ရင်းက ဆေးကုသပေးနေသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးမှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။

စက်တင်ဘာလ ၂၄ ရက်က မင်းတပ်မြို့အဝင်က ဂိတ်ကို CDF - မင်းတပ်က ရုတ်တရက် စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီမှ ရဲတပ်ကြပ်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ၃ ဦး ရရှိတယ်လို့ ဒေသခံများက ပြောသည်။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းနှင့် ကင်းစခန်းများကို CDF - မင်းတပ်က ပျောက်ကြားတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပိုပြလုပ်နေပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုတွေ ပိုလုပ်ဆောင်လာသည်။ ထိုသို့ မတရား စွပ်စွဲဖမ်းဆီးမှုများရှိနေ၍ ပြည်သူများ သတိပြုနေထိုင်ရန်နှင့် စစ်တပ်အနီးအနားတွင် မနေထိုင်ရန် CDF မင်းတပ် က သတိထုတ်ပြန်ထားသည်။

May 30, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင်...
May 29, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့်...
May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...