တရုတ်ပြည်တွင်း အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ လုပ်အားခလျှော့ချခံရ

တရုတ်ပြည်တွင်း အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ လုပ်အားခလျှော့ချခံရ
Photo - Credit (တရုတ်ပြည်တွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပတ်ရယူရန် လာရောက် စောင့်ဆိုင်းသူများ)
Photo - Credit (တရုတ်ပြည်တွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပတ်ရယူရန် လာရောက် စောင့်ဆိုင်းသူများ)

တရုတ်ပြည် ရွှေလီမြို့ နှင့် မန်စီမြို့အတွင်း သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများသည် လုပ်အားခ လျှော့ချခံနေရသည်ဟု ပြောသည်။

မြန်မာလုပ်သားများသည် ယခင်က လုပ်အားခ တစ်လကို တရုတ်ယွမ်ငွေ ၂,၅၀၀ ကျော် (မြန်မာကျပ်ငွေ ၁၁ သိန်းကျော်) ရရှိခဲ့ရာ လက်ရှိတွင် လုပ်အားခ တစ်လကို ယွမ်ငွေ ၁,၈၀၀ အထိ လျှော့ချခံနေရကြောင်း ရွှေလီ မြို့ရှိ မြန်မာလုပ်သား အမျိုသားတစ်ဦးက ပြောသည်။

“အရင်တုန်းက ကျနော်တို့ ကုမ္ပဏီမှာ တစ်ယောက်ကို ယွမ် ၂၅၀၀ ရတယ်။ အခု အလုပ်သမားတွေ များလာ တော့ ကျနော်တို့ လစာတွေ လျှော့ခံရတယ်။ အခုဝင်လာတဲ့ အလုပ်သမားတွေက အလုပ်မရှိတော့ အလုပ်ရှာကြ တယ်။ ပိုက်ဆံ ဘယ်လောက်ရရ လုပ်တယ်။ တချို့တွေကတောင် ယွမ် (၁၀၀၀)၊ (၂၀၀၀) ပေးပြီး အလုပ်ခန့်ဖို့ ပူဆာတော့ သူဌေးတွေက နဂိုမူလရှိတဲ့ အလုပ်သမား လုပ်အားခကို လျှော့ပြီးပေးလိုက်တယ်“ ဟု ၎င်း အမျိုး သား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ မြန်မာ – တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး နှစ် နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်ပေးကြရာ လူဦးရေ ထောင် နှင့် ချီရှိသည့် အနယ်နယ် အရပ်ရပ်မှ မြန်မာလုပ်သားများသည် ကတ်လုပ်ရန်အတွက် အလုအယက် တန်းစီ စောင့်နေကြရသည်။

ယင်းကဲ့သို့ တစ်ခါသုံးကတ် TBP ကို ကိုင်ဆောင်ပြီး တရုတ်ပြည်အတွင်း သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား များပြားလာသည်နှင့်အမျှ အလုပ်အကိုင် ရှားပါးမှု ကြုံတွေ့ရပြီး လုပ်အားခ ခေါင်းပုံ ဖြတ်ခံရ ကြောင်းလည်း မြန်မာလုပ်သားတစ်ဦး ကပြောသည်။

“အခုတော့ အလုပ်ထဲမှာ နည်းနည်းလေး မှားရင် အလုပ်ထုတ်ဖို့ ပြောတယ်။ မလုပ်ချင်ရင်ထွက် မင်းတို့နောက်မှာ အလုပ်လာလုပ်မယ့်သူတွေ အများကြီးရှိတယ်ဆိုပြီး သူဌေးကပြောတာ။ အရင်တုန်းကတော့ ကျနော်တို့ အလုပ် ထုတ်ဖို့မပြောနဲ့ အလုပ်မှားတာတောင် ဘာမှမပြောဘူး။ အလုပ်လုပ်မယ့် လူမရှိမှာကြောက်လို့ အလုပ်တောင် ပေးမထွက်ဘူး“ ဟု မြန်မာလုပ်သားတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ရာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး တိုင်းတစ်ပါးသို့ ထွက်ခွာသွားပြီး အလုပ်လုပ် ကြရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...