ပလက်ဝမြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ အရေးယူဆောင်ရွက်မည်ဟုဆို

ပလက်ဝမြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ အရေးယူဆောင်ရွက်မည်ဟုဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အအုံ များကို အရေး ယူဆောင်ရွက်မည်ဟု စစ်ကောင်စီလက်အောက်ခံ ပလက်ဝမြို့နယ် သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတဆင့် ပလက်၀မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က အသိပေးညွန်ကြားလာခဲ့ခြင်း ဖြစ် သည်။

ပလက်၀မြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံ ဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများ မရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန် စစ်ဆေးတွေရှိပါက ဉပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များသို့ အချိန်နှင့်တပြေးညီ တင်ပြရမည်ဟု အဆိုပါ ညွန်ကြားစာတွင် ဖော်ြပထားသည်။

ထိုသို့ ညွှန်ကြားစာထွက်လာပြီးနောက်ပိုင်း ပလက်ဝမြို့၌ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း များ မရှိသေးသလို အရေးယူဆောင်ရွက်ခြင်းမျိုးလည်း မကြားမိသေးကြောင်း ပလက်၀မြို့နယ်က ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးကပြောသည်။

“သူတို့ ထွေအုပ်ရုံးမှာတော့ စာကပ်ထားတယ်လို့ ပြောတယ်၊ တချို့တွေလုပ်တဲ့နေရာမှာ အခက်အခဲ အဟန့် အတား ရှိတယ် ဆိုတာတော့ မတွေ့သေးဘူး။ ဒါပေမယ့် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းလို့ ပြောမလား အဆောက် အအုံ တစ်ခုလုပ်မယ်ဆိုရင်တော့ တရား၀င်ခွင့်ပြုချက်တို့ ဘာတို့လုပ်ဖို့ သူတို့သတ်မှတ်ထားတဲ့ ဟာတော့ ရှိမယ် ထင်တယ်။ လောလောဆယ်တော့ အဆောက်အအုံ ဆောက်ထားတာမျိုးမရှိတော့ ကျနော်ကိုယ်တိုင်တော့ မကြုံ သေးဘူးလို့ပြောရမှာပေါ့” ဟု ခရစ်ယာန်ဘာသာရေး ဆရာကပြောသည်။

ပလက်ဝမြို့နယ်အတွင်း ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများအား စစ် ကောင်စီမှ ယခုကဲ့သို့ တင်းကြပ်ကန့်သတ်လိုက်သည့်အပေါ်  ဘာသာရေး လွတ်လပ်ခွင့်ပိတ်ပင်ခြင်း ဖြစ်သည် ဟုဆိုကာ ဒေသခံများက ‌ဝေဖန်နေကြသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် တွင် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မွတ်စလင်မ် ဘာသာ၀င်များ လည်း နေထိုင်ကြသည်။

ချင်းပြည်နယ်သည် ခရစ်ယာန်ဘာသာ၀င် ၈၀ ရာခိုင်းနှုန်းကျော်ရှိသည့်ပြည်နယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ ဘာသာရေး အဆောက်အအုံ ၉၅ ခု ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...