မူဆယ်တိုက်ပွဲ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် ဒေသခံများ ကတုတ်ကျင်းတူးထားရ

မူဆယ်တိုက်ပွဲ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် ဒေသခံများ ကတုတ်ကျင်းတူးထားရ
ပုံ - ဟောင်း (သျှမ်းပြည်တွင်းတစ်နေရာ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားသည့် ပုံ)
ပုံ - ဟောင်း (သျှမ်းပြည်တွင်းတစ်နေရာ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားသည့် ပုံ)

မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်တွင် ရက်ရှည်ကြာတိုက်ပွဲ ဖြစ်ပွားလာသည်နှင့်အမျှ စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာသောကြောင့် ဒေသခံများ ကတုတ်ကျင်း တူးထားရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့၊ ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တိုက်လေယာဉ် တစ်စီးဖြင့် လွိုင်မောက် နှင့် လွိုင်နမ့်ကတ် အနီးသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မူဆယ်မြို့နယ် နယ်မြေဒေသကျွမ်းကျင်သူ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

အလားတူ မော်တောင်းကျေးရွာအုပ်စု နမ့်လိန် - မန်ဟန်ကျေးရွာအတွင်းကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲ တိုက် ခိုက်ခဲ့ပြီး၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ များက ဆိုသည်။

စက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု နမ့်လိန်-မန်ဟန်ကျေးရွာအတွင်း စစ်ကောင်စီသည် တိုက်လေယာဉ်တစ်စီးဖြင့် အသုံးပြုပြီး ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း မူဆယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က သူတို့ပစ်ကြတာ အိမ်က တံခါးတောင် လှုပ်တယ်။ တချို့ အလုံး (လက်နက်ကြီး) တွေက ကိုယ့်ဘက်က နေ ပစ်နေတာ ကြားရတယ်။ တချို့ အလုံးတွေကတော့ တခြားဘက်ကနေ ကိုယ့်ဘက်ကို ပစ်လာတာ ကြားရ တယ်။ လေယာဉ်သံတွေလည်း ကြားရတယ်။ အိမ်လာထိမှာကြောက်လို့ အိပ်တောင်မပျော်ဘူး“ ဟု ပန်ခမ်းကျေး ရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည့် မော်တောင်းကျေးရွာအုပ်စုရှိ နမ့်လိန်-မန်းဟန် ကျေးရွာသည် မူဆယ်မြို့နှင့် ၁၁ မိုင်ခန့် ကွာဝေးသည်။

အဆိုပါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို  မသိရှိရသေး ပေ။

လက်ရှိ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသောကြောင့်  စယ်လန့်ကျေးရွာရှိ ဒေသခံများသည် လေ ကြောင်းတိုက်ခိုက်မှု ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားရကြသည်။

“အခု ကျွန်မတို့ ကတုတ်ကျင်း တူးထားရတယ်။ သူများတွေလည်း ကတုတ်ကျင်း တူးထားရတယ်။ အခုက ပြော လို့မရဘူး၊ လေယာဉ် နဲ့ အချိန်မရွေး ဗုံးလာကြဲနိုင်တယ်။ ကတုတ်ကျင်းကို ကျယ်ကျယ်တူးထားပြီး ကွန်ကရစ် လောင်းထားရတယ် “ ဟု စယ်လန့်ကျေးရွာအတွင်း နေထိုင်သည့် နန်းခမ်း (အမည်လွှဲ) ကပြောသည်။

လက်ရှိသည်  စစ်ကောင်စီ နှင့် TNLA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေသောကြောင့် ဒေသခံများ အိမ် ပြင်သို့ထွက်ပြီး ပုံမှန်သွားလာရန် လုံခြုံစိတ်ချမှု မရှိကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ဝယ်ယူ စုဆောင်း ထားကြရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...