နေအိမ်အတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကြောင့် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး

နေအိမ်အတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကြောင့် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး

ကယား (ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးဟာ နေအိမ်ခြံဝန်းအတွင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ အသက် ၅၀ နှစ် ဝန်းကျင် အရွယ်ရှိပြီး မြေမြုပ်မိုင်းကြောင့် ခြေထောက် နှစ်ဖက်လုံး ပြတ်ထွက်သွားပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူက မိုင်းနင်းမိတော့ ခြေထောက် ၂ ဖက်စလုံးပြတ်သွားတာပေါ့နော်။ ဒူးထိ ဒူးအောက်ပိုင်းနှစ်ဖက်စလုံးပေါ့ လုံး ၀ ကြေမွသွားတယ်။ အစအနတွေ အလောက်ပဲကျန်တော့တယ် အဲ့လိုမျိုးပါ့နော်” လို့ ဖရူဆိုမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ စစ်ဘေးရှောင်ရင်း ရိက္ခာယူဖို့အတွက် နေရပ်ပြန်ချိန်မှာ စက်တင်ဘာလ ၂၄ ရက်နေ့က မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းနင်းမိပြီးနောက် ဆေးရုံသွားတဲ့လမ်းမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ် တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ချက်ချင်းတော့ အသက်မထွက်ဘူး။ ဆေးရုံသွားဖို့ လုပ်နေသေးပေမဲ့လည်း ဆေးရုံကဝေးတော့ နည်းနည်းပဲ သွားရသေးတယ်ပေါ့နော။ အသက်က ထွက်သွားတော့ ပြန်လှည့်လာရတဲ့ အနေထားမျိူးဖြစ်သွားတာပေါ့” လို့ သေဆုံးသူအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

မြေမြုပ်မိုင်းနင်းမိမှု ဖြစ်ပွားခဲ့တဲ့ လောကျေခူကျေးရွာမှာ စစ်ကောင်စီမှ စက်တင်ဘာလ ၁၀ ရက်နေ့က စပြီး  တစ်ပတ်ကြာ အခြေချ တပ်စွဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖရူဆို - ဘောလခဲ လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး  စစ်ကောင်စီတပ် တွေ ၀င်ရောက်တပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ နေရာအနှံ့ မိုင်းထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ် မပြန်ကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းထားပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...