သိန္နီမြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့များ စစ်ရေးအင်အား အပြိုင် ဖြည့်တင်းနေ

သိန္နီမြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့များ စစ်ရေးအင်အား အပြိုင် ဖြည့်တင်းနေ
Photo - Credit ( SSPP တပ်သား)
Photo - Credit ( SSPP တပ်သား)

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်အင်အား အပြိုင်ဖြည့်တင်းမှု ရှိနေသည့်အတွက်ကြောင့် စစ်ရေး ပိုမိုပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာမှ စစ်အင်အား ၂၀၀ နီးပါး ရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ကြောင်းတစ်ခုသည် ကွန်ကောက်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာအနီးသို့ စစ်အင်အားဖြည့် ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ကွန်ကောက်ကျေးရွာအုပ်စုမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက “ကား နဲ့ပဲ ရောက်လာကြတာ။ အရပ်ကား နဲ့ စစ်ကား ၁၀ စီးကျော်တယ်။ စုစုပေါင်း အင်အားလည်း ၂၀၀ နီးပါး လောက်တော့ ရှိတယ်။ စယ်အူဘက်ကနေ ဟိုနောင်ကျေးရွာ နားမှာ ရောက်လာတာ၊ အဲ့ဒီနားမှာ စစ်ကောင်စီတပ် နဲ့ KIA တပ်လည်း ရှိနေတယ်” ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။

အဆိုပါ SSPP/SSA တပ်သားများ စစ်အင်အားဖြည့် ရောက်လာသည့် နေရာ အနီးပတ်ဝန်းကျင်သည် စစ်ကောင် စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်တို့ စစ်ရေးတင်းမာနေသည့် နေရာ ဖြစ်သည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ည (၈) နာရီဝန်းကျင် အချိန်တွင်လည်း သိန္နီမြို့မှ ရောက်လာ သည့် စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းသည် ကွန်ကောက်ကျေးရွာ အုပ်စုအတွင်းသို့ အင်အားဖြန့်ကျက် ထားကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း စစ်အင်အား အပြိုင် ဖြည့် တင်းနေမှုကြောင့် စစ်ရေး ပိုမိုပြင်းထန်လာမှာကို စိုးရိမ်ရကြောင်းလည်း အသက် (၅၀) ဝန်းကျင် ဒေသခံ အမျိုး သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြောက်တာကတော့ အားလုံးကြောက်ရတာပေါ့။ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက သေနတ်တွေကိုင် ကြတာ ကိုး။ တို့ပြည်သူတွေက ဘာမှမရှိဘူး။ အရင်နေ့တွေမှာလည်း စစ်ကောင်စီ နဲ့ KIA တိုက်ပွဲ ဖြစ်ခဲ့တော့ အခုလို စစ်အင်အား ထပ်ဖြည့်တာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်မလားပေါ့။ အဲ့ဒါတွေလည်း ကြောက်ရတယ်” ဟု အသက် (၅၀) ဝန်းကျင် ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာနှင့် ပိန်း ကန်းကျေးရွာကြား၌ စစ်ကောင်စီ နှင့် KIA တပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံ ၇၀ ကျော်ကလည်း စစ်ရှောင်နေရသည်။

ယနေ့တွင် ပစ်ခတ်သံများ မကြားရသော်လည်း ကွန်ကောက်ကျေးရွာအုပ်စုအတွင်း စစ်ရေးတင်းမာမှုများ ရှိနေ သေးသည့်အတွက် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေးဘူးဟု ကူညီပေးနေသူများက ပြောသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...