စစ်တွေတွင် ALP ဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေတိုးမြင့်

စစ်တွေတွင် ALP ဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေတိုးမြင့်
စက်တင်ဘာလ ၁၅ ရက်နေ့ ည ၇:၃၀ နာရီအချိန် စစ်တွေမြို့မြင်ကွင်း။
စက်တင်ဘာလ ၁၅ ရက်နေ့ ည ၇:၃၀ နာရီအချိန် စစ်တွေမြို့မြင်ကွင်း။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) မှ ဗိုလ်မှူး ခိုင်စိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြင့်ချထား သည် ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့တွင်းရှိ အချက်အချာကျသော လမ်းမကြီး နာရီစင်အဝိုင်း၊ မီးစက်ကြီးလမ်းဆုံအဝိုင်း၊ စာတိုက်ကြီး လမ်းဆုံနှင့် အခြား လူစည်ကားသည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့ဖြင့် လုံခြုံရေး တိုးမြင့် ချထားပြီး လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များနှင့် ဖုန်းများကိုလည်း ဖွင့်၍စစ်ဆေးလျက်ရှိသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

“လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ ဘောက်တွေကို ဖွင့်ကြည့်တယ်။ တစ်ယောက်တစ်လေဆို ဖုန်းတွေ ကိုလည်း အစစ်ခံရတယ်” ဟု ပြောသည်။

ထို့အပြင် မြို့အဝင်အထွက်နေရာများ ဖြစ်သည့် တိပ်ထိန်းဂိတ်၊ ဆတ်ရိုးကျ စစ်ဆေးရေးဂိတ်တို့တွင်လည်း လုံခြုံရေးတိုးမြင့်ချထားသည်ဟု ဆိုကြသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညအချိန် ရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးပြီး အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခြင်းများ လုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အသက် ၄ဝ ကျော်အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်တွေမြို့ရှိ ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင် အရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရ သည့် အပြင် ချွန်ထက်သည့် အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူ၏ နဖူးတွင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် အတူ ရင်အုံ၊ လက်မောင်း တို့တွင်လည်း ထိုးသွင်းဒဏ်ရာများ ရရှိကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများနှင့် ဆေးရုံမှတ်တမ်းများအရ သိရသည်။

ALP ဗိုလ်မှူး ခိုင်စိုးလွင်ကို အမည်မသိလူ ၄ ဦးက ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ကာ အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ကာ ဓား (သို့မဟုတ်) ချွန်ထက်သည့်အရာ တစ်ခုခုဖြင့် ထိုးသတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိရဉ္စရာက ဆက်သွယ်ရာ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့သလို ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကို ဆက်လက် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါ။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...