တော်လှန်ရေးအဖွဲ့များ၏လှုပ်ရှားမှုကို စောင့်ကြည့်ရန် ဟားခါးမြို့အနှံ့ လုံခြုံရေးကင်မရာများတပ်ဆင်

တော်လှန်ရေးအဖွဲ့များ၏လှုပ်ရှားမှုကို စောင့်ကြည့်ရန် ဟားခါးမြို့အနှံ့ လုံခြုံရေးကင်မရာများတပ်ဆင်

ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့တွင် စစ်ကောင်စီသည် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန် ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် လုံခြုံရေးကင်မရာများ မြို့ပေါ်တွင် တပ်ဆင်ထား သည်ဟု ချင်းကာကွယ်ရေးတပ်များနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောသည်။

ဟားခါးမြို့တွင်ရှိ နေရာ ၅ နေရာထက် မနည်းတွင် လုံခြုံရေးကင်မာရာများကို တပ်ဆင်အသုံးပြုလာခြင်း ဖြစ် သည်ဟု ဆိုသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က “အဓိကက ဟားခါးမြို့ တွင်း မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ၊ သူတို့ ကင်းစောင့်တဲ့ နေရာတွေကို အချိန်မရွေး၊ ဟားခါးမြို့မှာ တိုက်ပွဲတွေဖြစ်တယ်။ ပြီးရင် ပစ်ခတ်တာတွေ လုပ်လာတဲ့အခါမှာ စစ်ကောင်စီ အနေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့အတွက် အကာအကွယ်ယူနိုင်ဖို့ CCTV ကင်မရာတွေ တပ်ဆင်လာတယ်လို့ သုံးသပ်လို့ ရတယ်” ဟု ပြောသည်။

လုံခြုံရေးကင်မရာများကို စစ်ကောင်စီ အစိုးရရုံး အနီးအနား နေရာ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း အိမ် အနီးနေရာနှင့် ၎င်းအိမ်လမ်းပေါ်ကနေရာ၊ ဘုရားကျောင်းသွားသောလမ်းများတွင် တပ်ဆင်ထားသည်။

ဟားခါး တမြို့လုံး၏ အသွားအလာကို စောင့်ကြည့်နိုင်ရန် ကွက်ကြား တပ်ဆင်ထားပြီး လက်ရှိမှာ နေရာ ၅ နေရာတွင် တပ်ဆင်ထားသည်ကို အတည်ပြုနိုင်သည်ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

စစ်ကောင်စီသည် ဟားခါးတမြို့လုံးကို လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့်နေနိုင်ရန် တမြို့လုံးတွင် တပ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ဆိုသည်။

အာဏာမသိမ်းမီက ဟားခါးမြို့ရှိ ဘဏ်နှင့် ဆေးရုံတို့တွင်သာ လုံခြုံရေးကင်မရာများ တပ်ဆင်အသုံးပြုခဲ့သော် လည်း လက်ရှိတွင် စစ်ကောင်စီသည် စစ်စခန်းများ၊ အချို့သေည ရုံးဌာနများနှင့် ၎င်းတို့ လှုပ်ရှားရာနေရာများ တွင် လုံခြုံရေးကင်မရာများ တပ်ထားသည်ကို တွေ့ရှိရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

လုံခြုံရေးကင်မရာများ တပ်ဆင်ပြီးနောက် အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ကျနော်တို့ သတင်းရထားတာရှိတယ်။ စစ်ကောင်စီတွေက ဟားခါးမြို့တွင်းမှာ သူတို့စခန်းတွေ၊ လုံခြုံရေး လိုချင်တဲ့နေရာတွေ တချို့ရုံးတွေမှာ CCTV တွေ တပ်ထားတယ်။ တခြား အရေးကြီးတဲ့ နေရာတချို့မှာလည်း တပ်ထားတယ်လို့ သတင်းရထားတယ်” ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟားခါးမြို့နယ်အတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ မကြာခဏ အပြင်းအထန် ဖြစ်ပွားနေသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲအတွင်း ဟားခါးမြို့ပေါ်က စစ်ကောင်စီ၏ ရုံးဌာနနှင့် စခန်းများ မြို့ပြပြောက်ကျား တိုက်ခိုက်မှုအဖြစ် မကြာခဏ ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှလွဲ၍ ကျန်သော မြို့နယ် ၈ ခုလုံးကို စစ်အုပ်ချုပ်ရေး မြို့နယ်များအဖြစ် ကြေညာထားသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...