ကလေးမြို့က စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ ၃ ဦးကို ဖမ်းဆီးအရေးယူ

ကလေးမြို့က စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ ၃ ဦးကို ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်ကာ ကျောင်းဖွင့်လှစ်နေ သည့် ကျောင်းဆရာ (၃) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲနိုင်ရေး စီစဉ်ဆောင်ရွက် နေကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ ကပြောသည်။

ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲမှူးအောင်ကြီးက “ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြု ကော်မတီ CRPH က မင်းအောင်လှိုင်နဲ့ အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က အရ မင်းအောင်လှိုင် ယန္တရားထဲမှာ ပါ၀င်တဲ့ Non CDM တွေဟာ ထိုပုဒ်မကို ကျူးလွန်ပါတယ်။ အမှုတည်ဆောက်နေဆဲကာလပါ” ဟု ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီ လက်အောင်တွင် ထမ်းဆောင်၍ ကလေးမြို့ အ.ထ.က ၉ ကျောင်းကို ဖွင့် လှစ်နေသည့် ကျောင်းအုပ် ဦးဆန်းထွန်းမောင်နှင့် ဦးဂွန်ဆွမ်းခိုင် (လ/ထ မူပြ) တို့အား ကျောင်းရှေ့တွင် ဖမ်းဆီး ထိန်း သိမ်းခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၈ ရက်နေ့က ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ အလယ်တန်းကျောင်းအုပ် ဦးမောင်မောင် ခင်ကိုလည်း ၎င်းနေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြသည်။

ထို့နောက် ကျောင်းဆရာ ၃ ဦးကို စစ်ရေးနှင့် လုံခြုံရေးအခြေအနေရ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကလေးမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ တောင်ပိုင်းစခန်းကို လွှဲပြောင်းအပ်နှံခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က အရ အမှုတည်ဆောက်နေသည်။

ဖမ်းဆီးတရားစွဲဆိုမှုများသည် ချစ်ခြင်း၊ မုန်းခြင်း မရှိဘဲ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ ခေါင်းဆောင်၊ ရဲမှူးအောင်ကြီးက ပြောသည်။

ရဲမှူးအောင်ကြီးက “ချစ်ခြင်း မုန်းခြင်း မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်ဖို့ လိုပါတယ်။ မင်းအောင်လှိုင်  အောက်မှာ အလုပ်လုပ် နေတဲ့ သူတွေဟာ ဒီတော်လှန်ရေး ပုံဖျက်ကြမယ့် လူတွေလို့ပဲ ယုံကြည်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျောင်းအုပ်ဆရာ ၂ ဦး နှင့် ကျောင်းဆရာ ၁ ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ကလေးမြို့နယ်၊ တရားသူကြီးများအဖွဲ့တွင် တရားစွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ကလေးမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့သည် ကလေးမြို့နယ်အတွင်း တရားစွဲ အရေးယူထားသည့် အမှုပေါင်း ၆ မှု ရှိ သည်ဟု ဆိုသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...