ရွာသစ်မြို့ခံတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေကသိမ်းယူ

ရွာသစ်မြို့ခံတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေကသိမ်းယူ

ကယား (ကရင်နီ) ပြည် ဘောလခဲခရိုင် ရွာသစ်မြို့တွင်းက မြို့ခံများ၏ ပစ္စည်းများကို စစ်ကောင်စီတပ်သားများ၊ စစ်တပ်နှင့်ပူးပေါင်းနေသည့် မြို့ခံများက သယ်ယူပြီး ဘောလခဲမြို့ပေါ်ကို ပို့ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားများက မြို့ခံပိုင် ကား၊ ဆိုင်ကယ်များကိုလည်း စိတ်ကြိုက် အသုံးပြုနေကြခြင်း ဖြစ်ပြီး ပိတ်မိနေသည့် မြို့ခံများကိုပါ ကားမောင်းနှင်ဖို့ စေခိုင်းခဲ့သည်ဟု ပြောသည်။

သိမ်းယူထားသည့် မြို့ခံများ၏ ပစ္စည်းများကို ဘောလခဲမြို့ကို သယ်သွားပြီး စားနပ်ရိက္ခာများကို ပြန်လည် သယ်ဆောင်လာကြသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ပိတ်မိနေသော မြို့ခံများနှင့် နီးစပ်သူများက ပြောသည်။

ရွာသစ်မြို့ခံနှင့် နီးစပ်သူတစ်ဦးက “ပြည်သူပိုင် ပစ္စည်းတွေကို ဘောလခဲကို သယ်ပြန်ပြီး သူတို့ရိက္ခာ ပြန်သယ် လာကြတယ်။ ပြည်သူပိုင် ပစ္စည်း ဆိုင်ကယ်/ ကား/ သစ်တွေ၊ အိမ်သုံးပစ္စည်းတွေ တခါသွားလာရင် ကား ၄ စီး လောက်။ အစုံပဲ ရေခဲသေတ္တာကအစ ယူတယ် ပြောတယ်။ သူတို့မှာ သေနတ်ရှိနေတော့ ပြည်သူတွေက ဘာမှ မပြောရဲဘူး။ ပြည်သူပိုင် ဆိုင်ကယ်တွေဆို ဘုန်းကြီးကျောင်းအထိ ယူသွားတယ်။ ဓားပြတိုက်တယ်လို့ ပြောရမှာ ပေါ့။ ပြီးရင် စစ်တပ်ထောက်ခံ့တဲ့ လူက စစ်တပ်နဲ့ လိုက်ပါပြီး ပြည်သူအိမ်တွေကို လိုက်ပြပြီး ပစ္စည်းတွေကို လိုက်ယူနေတယ်။ ပြည်သူတွေကို ဘုန်းကျောင်းမှာ လှောင်ထားပြီး သူတို့က အိမ်တွေမှာ လိုက်ယူနေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများက ၎င်းတို့ လိုအပ်သည့် ပစ္စည်းများကိုသာ ယူသွားပြီး မသယ်ယူနိုင်သည့် ပစ္စည်းများ ကိုမူ ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။

ပိတ်မိနေသူများမှာ လက်ရှိတွင် ဘုန်းကြီးကျောင်းထဲမှာ စုပေါင်းနေထိုင်ကြရဆဲဖြစ်ပြီး ဒဏ်ရာရရှိသည် အထိ စစ်ကောင်စီတပ်သားများအပြင် ၎င်းတို့နှင့် ပူးပေါင်းနေသည့် မြို့ခံများကပါ နိုင်ထက်စီးနင်းမှုအပြင် ကိုယ်ထိ လက်ရောက် ကျုးလွန်ခံရမှုများကို ကျူးလွန်နေကြသည်ဟု ဆိုသည်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်နေဆဲဖြစ်သည့်အတွက် ကရင်နီ ပူးပေါင်း တပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ကောင်စီတပ်များက ရွာသစ်မြို့အတွင်းကို ဝင်ရောက် တပ်စွဲကာ အရပ်သားပြည်သူ (၃၀၀) ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကရင်နီ အမျိုးသား များ ကာကွယ်ရေးတပ် KNDF က ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်ချက်ထားသည်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...