ဆိုတရှား တိုက်ပွဲထဲ နှစ်ဖက်ထိခိုက်မှုရှိ၊ စစ်တပ်ဘက် အရာအပါအဝင် ၁၅ ဦးအထက်သေဆုံး

ဆိုတရှား တိုက်ပွဲထဲ နှစ်ဖက်ထိခိုက်မှုရှိ၊ စစ်တပ်ဘက် အရာအပါအဝင် ၁၅ ဦးအထက်သေဆုံး

ကယား (ကရင်နီ) ပြည်၊ သံလွင်အရှေ့ဘက်ခြမ်းရှိ ဆိုတရှားမြို့နယ်၊ မယ်လယုဒေသအတွင်း ကရင်နီတပ်မတော် KA နှင့် စစ်ကောင်စီတပ်၏ ခမရ ၅၁၉၊ ခမရ ၃၃၄ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၅ ဦးနှင့်အထက် သေဆုံးပြီး အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲကြာချိန် ၃ နာရီကျော်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်မှာပင် စစ်ကောင်စီတပ်၏ ၇၉ ကျည်စ ထိမှန် ပြီး KA ရဲ့ တပ်ဖွဲ့ဝင် ၅ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီတပ်မတော် KA ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။

“တိုက်ပွဲဖြစ်ရင်တော့ အထိအခိုက်တော့ နှစ်ဦးနှစ်ဖက် ရှိတယ်လေနော။ ဒါက ထုံးစံဘဲလေ။ ကျနော်တို့ဘက်က ထိခိုက်မှုတော့ တချို့ရှိတယ်ပေါ့။ ရန်သူဖက်မှာလည်း သေ ဒဏ်ရာလည်း များမယ်ထင်တာဘဲလေ။ ဘာဖြစ်လို့ လဲဆို ကျနော်တို့ သိမ်းရတဲ့ ခဲယမ်းပစ္စည်းတွေလည်း တွေ့တဲ့အတိုင်းဘဲပေါ့နော။ ကျနော်တို့ သိမ်းရတာကတော့။ ကျနော်တို့ဘက်ကတော့ နစ်နာဆုံးရှုံးမှုတော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာတော့ နည်းနည်းပါးပါးတော့ ရှိတယ်ပေါ့ နော်။”

ဆိုးတရှားမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိ များပါ သေဆုံးခဲ့သည်နှင့် ပတ်သက်၍ ဗိုလ်မှူးဘုန်းနိုင်က ယခုကဲ့သို့ အတည်ပြု ပြောဆိုသည်။

“အရာရှိတံဆိပ်ဆိုတာက ကျနော်တို့ 9 mm ရထားတော့ ခန့်မှန်းလို့ အရာရှိပါတာပေါ့။ သေတာပေါ့လေ။ အရာရှိ ကတော့ ဒု - ဗိုလ်ကနေပြီးတော့မှ ဒု ဗိုလ်မှူးကြီးအထိက အဲ့ဒါ အရာရှိတွေလေ။ စစ်တိုက်တဲ့ စစ်ကောင်စီ တပ် ကတော့ ဒု - ဗိုလ်ကနေပြီးတော့မှ ဒု - ဗိုလ်မှုးကြီးက သူတို့ ဒီစစ်ဆင်ရေးမှာ ပါတဲ့လူတွေ။ ဆိုတော့ အရာရှိသေ တာတော့ ပါတယ်လေ။ ဒဏ်ရာလည်း ပါမှာပေါ့နော်။ အဲ့လိုမျိုး ကျနော်တို့ တွက်လို့ရတယ်” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောသည်။

တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော် KA ဖက်မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အများအပြား ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်များမှာ MA 1 ၃ လက်၊ MA 2 ၅ လက်၊ MA 4 ၂ လက်၊ MA 5 ၁ လက်၊ ငါးကြင်း မှီး ၁ လက်၊ 60 mm ပြောင်းရှည်နှစ်လက်၊ 60 mm ပြောင်းတို ၂ လက်၊ ကျည်မျိုးစုံ၊ ဆက်သွယ်ရေးစက်အကြီး ၄ လုံး နှင့် ခဲယမ်းမျိုးစုံတို့ ပါဝင်သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေ့မှာပင် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် လာရောက်ပြီး ပွိုင့် 5 များနှင့်ပါ ပစ်ချခြင်းများ လုပ်ဆောင်ခဲ့သည်ဟု KA တာဝန်ရှိသူက အတည်ပြုပြောသည်။

ဩဂုတ်လ အစောပိုင်းကစပြီး ကရင်နီပြည်တွင်းနှင့် ရှမ်း - ကရင်နီ နယ်စပ်ဒေသ၊ ထိုင်း - ကရင်နီ နယ်စပ်ဒေသ များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျှက်ရှိနေ ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...