မော်ချီးမှာ ကြက်ဥ တစ်လုံး တစ်ထောင်ပေး၀ယ်နေရ

မော်ချီးမှာ ကြက်ဥ တစ်လုံး တစ်ထောင်ပေး၀ယ်နေရ

ကယား (ကရင်နီ) ပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာပြီး ကြက်ဥ တစ်လုံးကို တစ်ထောင် ပေး၀ယ်နေရသည်ဟု ဒေသခံများက ပြောသည်။

“ကြက်ဥက တစ်လုံး တစ်ထောင် ၊ နှစ်လုံး တစ်ထောင့် ငါးရာ အဲ့မျိုး၀ယ်ရတယ်။ တခြားကုန်စျေးနှုန်းတွေလည်း အကုန်တက်တယ်” ဟု မော်ချီးဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပိတ်နေသလို၊ အခြားရှိနေသည့် လမ်းကြောင်းများကလည်း မိုးတွင်းဖြစ် နေ၍ ကုန်ကား မ၀င်နိုင်တော့ခြင်းကြောင့် ယခု သြဂုတ်လကစပြီး စျေးထိုးတက်သွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မော်ချီးစျေးက ဒီလ အတွင်းမိုးတွေရွာတော့ ကားတွေမတက်နိုင်ဘူးလေး။ ကားတွေမတက်နိုင်တော့ ကုန်စျေး နှုန်းက ၂ဆကနေ ၃ ဆ အအဲ့လို့တက်သွားတယ်” ဟု မော်ချီးဒေသခံတစ်ဦးက ပြောသည်။

မော်ချီးဒေသတွင် ၇၀ ရာခိုင်နှုန်းသော ပြည်သူများက တနေ့လုပ်တနေ့စား သမားများဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ကုန်စျေးနှုန်း ထိုးတက်သွား၍ အခက်အခဲများ ဖြစ်နေကြသည်ဟု ဆိုသည်။

ကုန်မ၀င်နိုင်တော့သည့်အတွက်ကြောင့် ကုန်ပစ္စည်းများကိုလည်း လိုသလောက် ၀ယ်၍ မရတော့ဘူးဟု ဆိုကြ သည်။

“ကုန်တွေမရှိတော့ အဲ့တာကြောင့်မို့လို့ ၀ယ်ချင်သလောက်လည်း ၀ယ်လို့လည်းမရဘူး။ အကုန်လုံး ၀ယ်လိုက် မယ်ဆို နောက်လူတွေ ၀ယ်စားစရာဘာမှ ရှိတော့မှာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မော်ချီးဒေသတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန် (ပေါ်ဆန်းမွှေး) တစ်အိတ် ကျပ် ၄သိန်း၊ ရွှေရေအေး (ဆန်)တစ်အိတ် ကျပ် ၁သိန်း ၇၀၀၀၀၊ စားဆီ တစ်လီတာ ဗူး ၁ ဗူး ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တပိဿာ ၈၀၀၀၀ ကျပ်၊ ဓာတ်ဆီ ၁ လီတာ ၇၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ၁ပိဿာ ၁၀၀၀၀ ကျပ် ပေး၀ယ်နေရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မော်ချီးတွင် တောင်ပေါ် တောင်အောက် ဆိုပြီး ဒေသအလိုက် စျေးနှုန်းကွာဟချက်များ ရှိသည့်အပြင် ရောင်းသည့်ဆိုင်များ အပေါ်မူတည်၍လည်း စျေးနှုန်းကွာဟမှုများ ရှိသည်ဟု ဆိုကြသည်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...