စိုးရိမ်စိတ်ကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထကျောင်း ၅ ကျောင်း ပိတ်ထားရ

စိုးရိမ်စိတ်ကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထကျောင်း ၅ ကျောင်း ပိတ်ထားရ

ကယား (ကရင်နီ)ပြည်၊ ဒီးမော့ဆို- ဖရူဆိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖရူဆိုမြို့နယ်ထဲရှိ စစ်ရှောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၅ ကျောင်း ပိတ်ထားရသည်။

ဩဂုတ်လဆန်းပိုင်းမှ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အဆိုပါ ကျောင်း ၅ ကျောင်းကို ပိတ်ထားရခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူက ပြောသည်။

ဖရူဆိုမြို့နယ်က ကိုယ်ထူကိုယ်ထကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာတစ်ဦးက “ဟုတ်တယ်။ ကျနော် တို့ ပိတ်ထားတယ်၊ ဒီရက်အထိ ဆိုရင် နှစ်ပတ်လောက်ရှိပြီပေါ့၊ တစ်ခြားကျောင်းတွေနဲ့ တူတူပိတ်တယ်။ မြို့နယ် အားလုံးတော့ မပိတ်ဘူးပေါ့၊ သိတာက အနီးနား ၅ ကျောင်းလောက်ပဲပေါ့။ အကြောင်း အရင်းက စစ်ကြောင်း ထိုးလို့ ပိတ်တာပေါ့၊ လက်နက်ကြီးတွေပစ်လို့၊ လေယာဥ်ဝဲတာတွေကြောင့်ပေါ့။ အဲဒါနဲ့ ကျောင်းသားမိဘတွေ ကလည်း ပိတ်ခိုင်းတယ်၊ မတက်ရဲတာလည်းပါတယ်” လို့ ပြောပါတယ်။

ဒေသခတွင်း တိုက်ပွဲများမှာ ဩဂုတ်လ ၂ ရက်နေ့က စတင်ပြီး နေ့စဥ်ရက်ဆက် ထိတွေ့မှုများ၊ တင်းမာမှုများ ဖြစ်ပွားနေခြင်းကြောင့် စာသင်ကျောင်းများကို အခြေအနေ တည်ငြိမ်သွားချိန်မှသာ ပြန်လည် ဖွင့်လှစ်နိုင် မည် ဖြစ်သည်ဟု အဆိုပါ ကျောင်းဆရာက ဆက်ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် မကြာခဏ ကျောင်းများကို ပိတ်ရသည့်အတွက် ကိုယ်ထူကိုယ်ထကျောင်းများတွင် စာသင်ကြားနေသည့် ကလေးများမှာ သင်ခန်းစာများ သင်ကြားမှုပိုင်းတွင် အခက်အခဲရှိနေပြီး ကျောင်းစာ စိတ်ဝင်စားမှုနည်းပါးသည်ကိုလည်း ရှိနေရသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

စေတနာ့ဝန်ထမ်းတစ်ဦးက ”နည်းနည်းငြိမ်ရင် ပြန်ဖွင့်မှာပေါ့၊ အခြေအနေကြည့်ပြီးတော့ ဖွင့်ရမှာပေါ့၊ အဲ့လို တော့ ပြောကြတယ်” ဟု ပြောသည်။

ဖရူဆိုမြို့နယ်အတွင်း နေ့ရောညပါ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသေးသည့်အပြင် စစ်ကောင်စီတပ်၏ လေယာဥ်ပျံဝဲနေခြင်းတို့ကြောင့်လည်း ကျောင်းသားမိဘများကလည်း စိုးရိမ်နေကြသည်။

နှစ်ပတ်ကြာအထိ ပိတ်ထားရသည့် အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းတို့မှာ အထက်တန်းကျောင်း ၂ ကျောင်းနှင့် မူလတန်းကျောင်း ၃ ကျောင်း ဖြစ်သည်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...