တီးတိန်မြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ကျည်ထိမှန်

တီးတိန်မြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ကျည်ထိမှန်

ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မြို့မ ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်အချို့ ကျည်ထိမှန်ကာ ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင် အချိန်မှ စတင်ကာ ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင် အချိန်ထိ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံးထက် မနည်း ပစ်ခတ်မှုရှိခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ဆက်တိုက်ပစ်ခတ်ခဲ့သည်။

“ညမှာ လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်သံကြားရတယ်၊ ကျွန်တော်သိရ သလောက်က တော့ နေအိမ် ၄-၅ အိမ်ထိမှန်တယ်။ အခုထိတော့ လူတွေ ထိခိုက်တာမကြားရဘူး။ အိမ်တွေကတော့ သွပ်တွေ၊ ပြတင်းပေါက်မှန်တွေရော ပြီးတော့ ရေသိုလှောင်တဲ့ တိုင်ကီတွေရော အိုးခွက်တွေတောင် သေနတ်မှန်တာ ရှိ တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့မရပ်ကွက်ရှိ CMBC ဘုရားကျောင်းဝန်းထဲတွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည် တစ်လုံး ကျရောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

သို့သော် တီးတိန်မြို့ပေါ်တွင် ညကြီးသန်းခေါင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက် ကြား နေရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံ‌များက ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် တီးတိန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ခရိုင်ထွေအုပ်ပိုင် Double Cap ကား တစ်စီးအား ရပ်ထားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ မောင်းထွက်သွားခဲ့သည်။

“တီးတိန်မြို့ ဆောက်လုပ်ရေးရိပ်သာမှာ ကားတွေထားထားတာပေါ့ အဲမှာ အစောင့်တွေလည်းရှိတယ် အဲနေ့က ဘုန်းကြီးကျောင်း သွားကြတာပေါ့နော်။ အဲ့ချိန် ကားကို အေးဆေး‌မောင်းသွားကြတာ။ အဲ့ဒီက လူတွေကလည်း နောက်ကနေ လိုက်လဲမလိုက်သွားရဲကြဘူးပေါ့” ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များသည် ညတွင် သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်။

အလားတူ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း တီးတိန်မြို့ ဆေးရုံပိုင် ဆေးရုံအုပ်ကားတစ်စီးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သိမ်းယူခဲ့သေးသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...