ထိုင်းက ယာယီလက်ခံထားသည့် ကရင်နီစစ်ရှောင်များ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြ

ထိုင်းက ယာယီလက်ခံထားသည့် ကရင်နီစစ်ရှောင်များ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံရပြီးနောက် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံလာသည့် ကရင်နီစစ် ရှောင်များ နေရပ် ပြန်ပို့ခံရမှာကို စိုးရိမ်နေကြသည်။

အဆိုပါ ကရင်နီစစ်ရှောင်များကို ထိုင်းအာဏာပိုင်များက ထိုင်းဘက်ခြမ်းတွင် ယာယီခိုလှုံခွင့်ပေးထားခြင်း ဖြစ် ပြီး လက်ရှိတွင် အချင်းချင်းကြား ပြောဆိုနေသော ကောလဟာလသတင်းအချို့အရ ဗုံးကြဲခံရသည့်  စစ်ရှောင် စခန်းနေရာကို ပြန်ပို့ခံရမှာ စိုးရိမ်နေကြခြင်း ဖြစ်သည်။

စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဝီမယ်က “အခု ဒီမှာရောက်ရှိတာ သူတို့ပြောတယ်။ ကျမတို့ကို (နေရပ် ကို) ပြန်တက်ခိုင်းတော့မယ်။ ဒီမှာနေတာ သူတို့လက်မခံဘူးပေါ့။ ကျမတို့က မပြန်တော့ဘူး ဒီမှာဘဲနေတော့ မယ်။ ဒီမှာနေရာ စီစဉ်ထားပေးတယ်” ဟု ပြောသည်။

အဆိုပါ ကရင်နီ စစ်ဘေးရှောင်စခန်းသည် ထိုင်းနိုင်ငံထဲကို ရောက်ရှိလာသည်မှာ ၁လ ကျော်လာပြီဖြစ်ပြီး လက်ရှိတွင် ထိုင်းအာဏာပိုင်များ နေထိုင်ခွင့်ပေးထားသည့် နေရာတွင် မိုးကာတဲလေးများ ထိုးကာ နေထိုင်ကြ ရခြင်း ဖြစ်သည်။

ယခင်က နေထိုင်ခဲ့ကြသည့် စစ်ရှောင်စခန်းအနီးတဝိုက်ကို စစ်ကောင်စီက လက်ရှိအချိန်ထိ လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်ကနေလည်း ဗုံးကြဲမှုများ လုပ်ဆောင်ခဲ့သောကြောင့် စစ်ရှောင်များ အနေဖြင့် နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကိုယ့်အနေနဲ့ဆိုရင်တော့ မပြန်ချင်တော့ဘူးပေါ့နော်။ မပြန်ချင်တော့ဘူးဆိုတာထက် UN ရသည်ဖြစ်စေ မရ သည်ဖြစ်စေ နိုင်ငံခြား ရောက်သွားနိုင်တာဖြစ်ဖြစ် မရောက်သွားနိုင်တာဖြစ်ဖြစ် အဓိက ကိုယ်လိုချင်တာက အဲ့ဒီ လုံခြုံတဲ့နေရာ တစ်နေရာကိုပဲ မျှော်မှန်းချင်တာပေါ့နော်။ ဒါပေမဲ့ ပြန်ရမယ်ဆိုရင်တော့ ကိုယ်တော့ မပြန်ချင် တော့ဘူးပေါ့နော်” ဟု အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးက ပြောသည်။

ကရင်နီစစ်ရှောင်များကို လက်ရှိ ယာယီစခန်းမှ အပြင် ထွက်သွားလာခွင့်ကို ပိတ်ပင်ထားပြီး အစားအသောက် ကိုမူ အလှူရှင်များက စုပေါင်း၍ ချက်ပြုတ် ကျွေးမွေးနေရဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ရှောင်များအား နေရပ်ပြန်ပို့ရေး၊ မပို့ရေး ထိုင်းအာဏာပိုင်ဘက်က တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးဘူးဟု စခန်းအုပ်ချုပ်ရေး ဥက္ကဋ္ဌ နော်မူသောက ပြောသည်။

စခန်းအုပ်ချုပ်ရေး ဥက္ကဋ္ဌ နော်မူသောက “ဒီထိုင်းအစိုးရဖက်မှာကျတော့ သူတို့ဖက်လည်း အတိအကျ မပြော နိုင် သေးဘူးပေါ့နော်။ အဲ့မှာပဲ ပေးနေမယ်ဆို တဲ့ဟာလည်း မပြောသေးဘူး။ အဲ့ကြောင့်မို့လို့ ကျမတို့လည်း ဘာမှ မတတ်နိုင်သေးဘူးပေါ့နော်” ဟု ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံထဲ နေထိုင်ကြသည့် ကရင်နီစစ်ရှောင်များမှာ ဒေါနိုးကူးစစ်ရှောင်စခန်းမှ ဖြစ်ကြသည်။ ဒေါနိုး ကူး စစ်ရှောင်စခန်း လေကြောင်းမှ ဗုံးကြဲခံရပြီးနောက် ထွက်ပြေးလာကြခြင်း ဖြစ်သည်။

ဒေါနိုးကူး စစ်ရှောင်စခန်းမှ ထိုင်းနိုင်ငံထဲ ခိုလှုံလာသည့် စစ်ဘေးရှောင်ဦးရေမှာ ကောက်ယူထားသည့် စာရင်း အရ ၃၈၈၆ ဦး ရှိနေသည်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...