ထန်တလန်က စစ်ကောင်စီတပ်ရင်းဌာနချုပ် စီးနင်းတိုက်ခိုက်ခံရ၊ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ

ထန်တလန်က စစ်ကောင်စီတပ်ရင်းဌာနချုပ် စီးနင်းတိုက်ခိုက်ခံရ၊ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ
Photo - Crd (ပုံစာ - ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား ၂ ဦး)
Photo - Crd (ပုံစာ - ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား ၂ ဦး)

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က ခလရ ၂၆၉ တပ်ရင်း ဌာနချုပ်စခန်းတစ်ခုကို CNA ဦးဆောင်သည့် ချင်းပူး ပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိသည့်အပြင် သေဆုံး မှုလည်း များနိုင်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၅ နာရီ အချိန်ခန့်တွင် ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၉ တပ်ရင်း ဌာနချုပ်ကို ချင်းအမျိုးသားတပ်ဦး CNF/CNA၊ CDF-Thantlang၊ CDF - Zophei ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လုံခြုံရေးစခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“၂၆၉ တပ်ရင်းဌာနချုပ်ကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ကနေ ဝင်စီးတယ်။ အဲဒီနေရာမှာ သူတို့ရဲ့ တပ်ရင်းဌာနချုပ် လုံခြုံရေး စခန်းကုန်းတစ်ခုကို ဝင်သိမ်းတယ်။ ဝင်သိမ်းတဲ့ နေရာမှာ ကျနော်တို့ဘက်က သေဆုံးမှုနဲ့ ထိခိုက် ဒဏ် ရာရရှိမှု တချို့ ရှိတယ်။ သူတို့ တပ်ရင်းဌာနချုပ်ကို ဂျက်ဖိုက်တာက လာတော့ကျနော်တို့က ယာယီ ပြန်ဆုတ် ထားတာပေါ့နော်” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ၃ ဦးကျဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိမှု အချို့ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂ ဦးကို အရှင်းဖမ်းဆီးရမိခဲ့သည်။

သို့သော် ထိခိုက်သေမှု အခြေအနေများကို အတည်ပြု၍ မရသေးကြောင်း ဆလိုင်းထက်နီက ပြောသည်။

အထိနာသော စစ်ကောင်စီသည် ထန်တလန်မြို့နှင့် ၅ မိုင်ကွာဝေးကာ တိုက်ပွဲဖြစ်ပွားမှု မရှိသည့် ခွါဖိုကျေးရွာကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုရားကျောင်း အပါအဝင် အရပ်သားနေအိမ် ၄ လုံး ပျက်စီးခဲ့သည်။

စစ်ကောင်စီက တိုက်ခိုက်ချိန်တွင် ခွာဖိုကျေးရွာသားများ စစ်ရှောင်နေကြသောကြောင့် ပြည်သူများ ထိခိုက်ဒဏ် ရာရရှိမှု မရှိခဲ့ပေ။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း ခွါဖိုကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အရပ်သား ပြည်သူ ၉ ဦး သေဆုံးခဲ့သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...