စစ်တပ်ဟာ ကျန်းမာရေးစောင့်ရှောက်ပေးသူများကို ပစ်မှတ်ထားတိုက်ခိုက်နေဟု FBR ပြော

စစ်တပ်ဟာ ကျန်းမာရေးစောင့်ရှောက်ပေးသူများကို ပစ်မှတ်ထားတိုက်ခိုက်နေဟု FBR ပြော

ကယား (ကရင်နီ) ပြည် နှင့် ရှမ်း-ကရင်နီ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဆရာဝန် များနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူများကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေပြီး၊ တိုက်ခိုက်မှု အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများ သေဆုံးမှုများနေသည်ဟု FBR က ပြောဆိုလိုက်သည်။

အဆိုပါ ကိစ္စနှစ်ပတ်သက်၍ Free Burma Ranger တည်ထောင်သူ David Eubank က FBR ၏ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားပြောဆိုထားခြင်း ဖြစ်သည်။

“မြန်မာစစ်တပ်၊ (စစ်ကောင်စီ) ဟာ မြန်မာတစ်ပြည်လုံးနဲ့ ကရင်နီပြည်မှာ အသက်စွန့်ပြီး လူ့အသက် ကယ်ဆယ် ရေး လုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်” လို့ David Eubank ၏ ရေးသားချက်မှာ တွေ့ရှိရသည်။

၎င်း၏ ရေးသားချက်အရ စစ်ကောင်စီတပ်သည် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းကနေ ကြဲချလိုက်သည့် ပေါင် ၅၀၀ ဗုံးကြောင့် သေဆုံးသွားသည့် ကျန်းမာရေး ဝန်ဆောင်မှုပေးနေသူ ၈ ဦးထိ ရှိနေခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆေးရုံ၊ ဆေးပေးခန်းများကိုလည်း ဦးတည်တိုက်ခိုက်ခြင်းကြောင့် လူနာများ သေဆုံးသွားသည့် ဖြစ်စဉ် များလည်း ရှိနေသည်ဟု ဆိုသည်။

ကရင်နီပြည် အတွင်းရှိ ဆေးရုံ၊ ဆေးခန်းတိုင်းသည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို ခံနေရသည်ဟု David Eubank ဟု ပြောသည်။

မြေပြင်စာရင်းကောက်ယူနိုင်မှု အခက်အခဲများကြောင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဆေးရုံ၊ ဆေး ခန်း အရေအတွက်ကို အတိအကျ မသိရပေမဲ့ ကရင်နီပြည်ထဲ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်း အသုံးပြု တိုက် ခိုက်မှု ၃၈၈ ကြိမ်အထိရှိနေသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ ဩဂုတ်လ ၁ ရက် နေ့ ထုတ်ပြန်ချက်အရသိရသည်။

လေကြောင်းတိုက်ခိုက်မှုများသည် မြေပြင်တိုက်ပွဲထဲ အထိနာစဉ် အသုံးပြုတိုက်ခိုက်မှုများ ရှိနေသလို အရပ်သား စစ်ရှောင်ပြည်သူများကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း ရှိနေသည်။

ယခုနှစ် ဇွန်လ နှင့် ဇူလိုင်လများထဲ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းမှ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်၊ ကရင်နီပြည်နှင့် ထိုင်းနယ်စပ် က စစ်ရှောင်စခန်းထဲကိုလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...