လေးမြို့မြစ်ရေသည် ၂၄ နာရီအတွင်း မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဟု မိုး/ဇလ ထုတ်ပြန်

လေးမြို့မြစ်ရေသည် ၂၄ နာရီအတွင်း မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဟု မိုး/ဇလ ထုတ်ပြန်
U Myat Cho (မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်ကျန်းမာရေးဌာနအား ယနေ့ နံနက်က တွေ့ရစဉ်။)
U Myat Cho (မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်ကျန်းမာရေးဌာနအား ယနေ့ နံနက်က တွေ့ရစဉ်။)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်ရေသည် ၂၄ နာရီအတွင်း မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

“ယနေ့ မြန်မာစံတော်ချိန် (ဝ၇:၃ဝ)နာရီအချိန်တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခွဲခန့်တွင်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက် အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်” ဟု မိုး/ဇလ၏ ယနေ့ သြဂုတ်လ ၈ ရက်၊ နံနက် ၈ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်လည်း မိုး/ဇလက အကြံပြုထားသည်။

မြောက်ဦးဒေသခံများက လေးမြို့မြစ်ရေသည် ယမန်နေ့ သြဂုတ်လ ၇ ရက်နေ့လယ်က မြစ်ကမ်းပေါ်သို့ ရောက် ရှိရန် ၁ ပေခန့်သာ ရှိခဲ့ရာမှ တညလုံး မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် မြစ်ရေသည် ယနေ့နံနက်တွင် မြစ်ကမ်းသို့ကျော်လွန်ရောက်ရှိလာနေပြီဟု ပြောကြသည်။

မြောက်ဦးဒေသခံ ကိုညိုမှိုင်းက “ညတညလုံး ရွာလိုက်တော့ အခု ရေကျော်လာပြီ။ စိုးရိမ်ရေမှတ်ထက် ကျော် လာနေပါပြီ”ဟု ပြောသည်။

ထိုသို့ လေးမြို့မြစ်ရေကျော်လွန်လာ၍ မြစ်ကမ်းတလျှောက် ကျေးရွာအများအပြားနှင့် မြောက်ဦးမြို့တွင်းရှိ ချောင်းကမ်းအနီးရပ်ကွက်များ ရေဝင်နစ်မြုပ်လျက်ရှိနေပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေကြရသည်ဟု ဒေသခံများက ပြောသည်။

“မြောက်ဦးမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာတော့ မြုပ်နေကြပါပြီ။ မနေ့ကထက် အခြေအနေ ဒီနေ့ နည်းနည်း ဆိုးတယ်လို့ ပြောလို့ရတယ်။ ညတညလုံးရွာလိုက်တော့ ရေက တက်လာပြီ။ မိုးက နောက်ထပ်လည်း ရွာဦးမယ်။ အခုလည်း ရွာနေတုန်းပဲ” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်တွင် သြဂုတ်လ ၁ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသန်းနေ၍ မြစ်ရေများမြင့်တက်လာနေပြီး မြောက် ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...