လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေ

လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် မင်းပြားကြားရှိ လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ပေါင်း ၂၀ ကျော်မှာ ဒီရေဝင်ရောက်ပြီး ရေကြီးရေလျှံမှု ဖြစ်နေသည်။

မင်းပြားမြို့နယ်ထဲမှ မင်းဖူးချောင်းဒေသနှင့် ဖုန်သာချောင်းဒေသမှ ကျေးရွာ ၂၀ ကျော်သည် သြဂုတ် ၅ ရက်နေ့မှ စတင်ကာ ကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။

သြဂုတ် ၅ ရက်နေ့၊ နံနက်ပိုင်းက ကျေးရွာအတွင်း ရေ ၃ ပေကျော်ခန့်အထိ နစ်မြုပ်ခဲ့ပြီး ညနေ ၄ နာရီတွင် ၂ ပေ ကျော် အချိန်ထိ ကျန်ရှိနေသေးကြောင်း ဖုံသာချောင်းဒေသမှ မြင်းတင်မကျေးရွာဆရာတော်က နိရဉ္စရာ သတင်း ဌာနသို့ မိန့်ကြားသည်။

မြင်းတင်မကျေးရွာဆရာတော်က “အခုရွာမှာရေက တစ်တောင်နဲ့တစ်ထွာလောက်ရှိနေတယ်။ ရွာက စပါးခင်း တွေလည်း အကုန်မြုပ်ပြီး စက်လှေတွေသွားနေတာမြင်ရတယ်။ အိမ်တွေမြုပ်တဲ့ အဆင့်တော့မဟုတ်သေးဘူး” ဟု မိန့်သည်။

လက်ရှိ ရေကြီးရေလျှံဖြစ်နေသည့် ကျေးရွာများမှာ ဒုံးသား၊ အသေကာလ၊ လက်ခုပ်၊ မြင်းတင်မ၊ ချင်းဆိပ်၊ တောတန်း၊ ကုလားမတောင်၊ မင်းဖူး၊ ဝါးတောင်၊ မြင်းကဆိပ်၊ ကပ္ပဲ့၊ တံခွန်တိုင်၊ ရွှီကျန်၊ ထိန်ပြင်၊ ခွဆုံ၊ ဒိုင်းသား၊ ပြင် ယောင်း၊ ပွဲရကံဆိပ်၊ င/တာ၊ ရွှီတောင်၊ အညှင်းတောင်၊ ချောင်းတို၊ အိုးပျဥ်တောင်ကျေးရွာများ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်ခန့်ကပင် အဆိုပါကျေးရွာများသို့ ဒီရေ အတက်အကျရှိနေခဲ့ပြီး ဩဂုတ်လ ၅ ရက် နေ့တွင် ဒီရေမှာ တော်ရုံနှင့် ပြန်လျော့မကျသွားသေးဘဲ ရေကြီးရေလျှံဖြစ်နေကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ရွာထဲကို ဒီရေကတက်လာလိုက်၊ ကျသွားလိုက်နဲ့ ဖြစ်နေတာပါ။ အဲဒီရက်တွေကပဲ ဆက်တိုက်ဆက်တိုက် ရေတက်လိုက်၊ ပြန်ကျလိုက်နဲ့ ဖြစ်နေတယ်။ မနေ့က ရေဟာ ပိုတက်လာပြီး တော်ရုံနဲ့ ပြန်မလျော့နိုင်ပဲ ဖြစ်နေတာ။ လေးမြို့မြစ်ရေမြင့်တက်လို့ဖြစ်တာပါ” ဟု မိန့်သည်။

ယခုကဲ့သို့ မြစ်ရေမြင့်တက်ပြီး ဒီရေဝင်ရောက်ကာ လယ်သမားများ စိုက်ပျိုးထားသည့် စပါးခင်းများလည်း ဒီရေ ဖုံးလွှမ်းခံရ၍ သေကြေပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း မြင်းတင်မဆရာတော်က မိန့်ကြားသည်။

အလားတူ လေးမြို့မြစ်ရေမြင့်တက်လာနေမှုကြောင့် မြစ်ကမ်းတစ်လျှောက် မင်းပြားနှင့်မြောက်ဦးမြို့နယ်မှ မြေနိမ့်ပိုင်းရှိ နေအိမ်များကိုလည်း သြဂုတ်လ ၄ ရက်နေ့က စတင်ကာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။

သြဂုတ်လ ၂ ရက်နေ့ လေပြင်းတိုက်ခတ်ပြီးနောက် ရခိုင်မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ လေးမြို့ မြစ်ရေလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

လေးမြို့မြစ်ရေကြီးခြင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက တစ်ကြိမ် ဆိုးဝါးစွာကြုံတွေ့ခဲ့ရပြီး ကျေးရွာအများ အပြား ရေနစ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နေ့စဉ်မြစ်ရေခန့်မှန်း ချက်ထဲတွင် လေးမြို့မြစ်ရေသည် မွန်းလွဲ ၁၂ နာရီခွဲ၌ ၅၃၂ စင်တီမီတာရှိနေပြီး နောက် ၂၄ နာရီအတွင်း ၅၁၇ စင်တီမီတာတွင် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

လေးမြို့မြစ်၏စိုးရိမ်ရေမှတ်သည် ၈၁၀ စင်တီမီတာတွင်ရှိကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...