ကန်ပက်လက်မြို့နယ်က စစ်ရှောင်များ ရာသီတုပ်ကွေးကူးစက်ခံရ၊ ဆေးဝါးလိုအပ်နေ

ကန်ပက်လက်မြို့နယ်က စစ်ရှောင်များ ရာသီတုပ်ကွေးကူးစက်ခံရ၊ ဆေးဝါးလိုအပ်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ရာသီတုပ်ကွေး ကူးစက်မှုများ ဖြစ်ပွားနေပြီး ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေသည်ဟု ကန်ပက်လက်မြို့နယ် ကြားကာလပြည်သူ့ကျန်းမာရေး တာဝန်ခံ က ပြောသည်။

ပြည်သူ့ကျန်းမာရေးတာဝန်ခံက “တုပ်ကွေးက တော်တော်ဖြစ်နေကြတာ စစ်ဘေးရှောင်ပဲ မဟုတ်ဘူး။ ရွာထဲမှာ လည်း မနေ့က သွားကြည့်တာ လာပြတဲ့သူတိုင်းဆို တုပ်ကွေး ပုံစံဖျားနေကြတာ။ အယောက်တစ်ရာမှာ ကိုးဆယ့်ခုနှစ်‌ယောက် လောက်က ဖျားတာပေါ့” ဟု ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးများ ရှားပါးသည့်အပြင် တရားဝင် သယ်ယူခွင့် မရသောကြောင့် ပြည်သူများ အရေးပေါ် ကျန်းမာရေး ကုသရန် ခက်ခဲနေကြောင်း ကန်ပက်လက်မြို့ နယ် စစ်ရှောင်တာဝန်ခံ တစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း တာဝန်ခံက “လောလောဆယ် ခလေးမလေး တယောက်က နေမကောင်းဖြစ်ပြီး သွေးအန်တာ။ စစ်ကြောင်းကလည်း ရှိနေ တော့ ၄ ရက်လောက် အဲ့အတိုင်းစောင့်နေရတာ။ နောက်ပိုင်း မကွေးဆေးရုံပို့တာ။ နား၊ နှာခေါင်း၊ ပါးစပ်တွေမှာ သွေးတွေအန်ပြီးတော့ ဆုံးသွားတယ်။ ရာသီတုပ်ကွေးလား တခြားဟာလား မသိ နိုင်ဘူး” ဟု ပြောသည်။

ကန်ပက်လက်မြို့နယ်ထဲ ယခုနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးရောဂါ အဖြစ်များသည့်အပြင် ဆေးဝါး ပြတ်လပ်မှုခြင်း၊ ဆေးရုံ၊ ဆေးခန်းများ မရှိခြင်းတို့ကြောင့် ဒေသခံ အယောက် ၂၀ ဦးထက် မနည်း သေ ဆုံးခဲ့ကြရသည်ဟု ကန်ပက်လက်မြို့နယ် ဒေသခံများက ပြောသည်။

လက်ရှိတွင် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင် နေထိုင်ကြသော  ပြည်သူထောင်ချီတို့သည် ဆောမြို့၊ တောတောင်များ ထဲအပြင် တောင်ယာနှင့် အခြား နီးစပ်ရာ ကျေးရွာ အသီးသီးတို့တွင် စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်။

ကန်ပက်လက်မြို့နယ်တွင် ကြားကာလ ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ဆေးခန်းဖွင့်လှစ်ထားသည်ဟု သိရပြီး CDM ကျန်းမာရေး ဝန်ထမ်း အယောက် (၂၀) တို့က စစ်ဘေးရှောင်ဦးရေ (၇၀၀၀) ကျော်တို့ကို ကျန်းမာရေးစောင့် ရှောက်မှု ပေးနေရသောကြောင့် ဆေးဘက်ဆိုင်ရာ တက်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများ လိုအပ် နေသေးသည်ဟု ကျန်းမာရေးပိုင်းရှိ တာဝန်ရှိသူများက ပြောသည်။

Most read this week

August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...
July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...