ရေဖြူဒေသခံ ၃၀ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ

ရေဖြူဒေသခံ ၃၀ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးအတွက် ရောက်ရှိလာသည့် စစ်ကောင် စီစစ်ကြောင်းက ဒေသခံ အယောက် ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများ က ပြောသည်။

ကံပေါက်အခြေစိုက် မောရဝတီရေတပ် ဌာနချုပ်နှင့် ခလရ - ၂၇၃ တပ်ရင်း စစ်ကြောင်းက ရေဖြူမြို့နယ် ဇာဒီ ကျေးရွာ အုပ်စုရှိ ခေါင်ပြန်ကျေးရွာနှင့် ဒိုက်တကော် ကျေးရွာတို့မှ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ အပါအ ဝင် ဒေသခံ အယောက် ၃၀ ကို လူသားဒိုင်း ပုံစံနှင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်များက ပြောသည်။

အသက် ၄၀ခန့်အရွယ် ဇာဒီရွာသားတစ်ဦးက “ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းကတော့ ခရင်းချောင်းဘုန်းကြီး ကျောင်းဘက်နဲ့ တရုတ်ကျောက်ဆိုဒ်(ဒေသအခေါ်) ဘက်ကိုရောက်နေတယ်လို့ကြားသေးတယ်၊ ဒီနေ့တော့ ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

ဒေသခံအယောက် ၃၀ ခန့်ကို စစ်ကောင်စီတပ်က စစ်ကြောင်းရှေ့မှာ ထားပြီး လူသာဒိုင်း ပုံစံဖြင့်  မိုးလုံးတောင် ကြောပေါ်သို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်က ခေါင်ပြန်ကျေးရွာ ဘုန်းကြီးကျောင်းအနီးသို့ မြေတင်ကား ၅ စီးဖြင့် ရောက်ရှိလာသည့် အင်အား ၁၅၀ ခန့်ပါသော စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအထဲတွင် ဈေးရောင်းချရန်သွားသူများ၊ ပန်းရံလုပ်ကိုင်နေသူများနှင့် ဥယျာဉ်ခြံ လုပ်ကိုင်နေသူများ ပါဝင်သည်သည်။

ဖမ်းဆီးခံထားရသူများထဲမှ အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း တစ်ဦးကို ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့ သော်လည်း ကျန်လူများကိုမူ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း အဆိုပါဒေသခံ က ဆိုသည်။ ဩဂုတ်လ ၂ ရက်နေ့အထိ အဆက်အသွယ်မရသေးဘူးဟု ဆိုကြသည်။

ဖမ်းဆီးခံရသူများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက် သေဆုံး သွားမည်ကို စိတ်ပူနေကြရသည်ဟု မိသားစုဝင်များကပြောသည်။

လက်ရှိတွင် ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ရွာသားအများစုမှာ ဘေးလွတ်ရာတိမ်းရှောင်နေ ကြရသည်။

ဇာဒီကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုး ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းတွင် ကံပေါက်အ ခြေစိုက် မောရဝတီရေတပ်ဌာနချုပ်နှင့် ခလရ - ၂၇၃ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များအပြင် အရပ်ဝတ်လက်နက်ကိုင် များလည်းပါဝင်သည်ဟု ဒေသခံများက ဆိုသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...