ရှမ်းတောင်က ကရင်နီစစ်ရှောင် ၁၄၀၀ကျော် AHA Centreရဲ့ ထောက်ပံ့မှု ပထမဆုံးအကြိမ်ရရှိ

ရှမ်းတောင်က ကရင်နီစစ်ရှောင် ၁၄၀၀ကျော် AHA Centreရဲ့ ထောက်ပံ့မှု ပထမဆုံးအကြိမ်ရရှိ

အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (AHA Centre)ရဲ့ ကူညီထောက်ပံ့မှု ပစ္စည်းတချို့ ကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာမှာရှိတဲ့ ကရင်နီစစ်ရှောင် ၁၄၀၀ ကျော် က ပထမဆုံး အကြိမ်အနေနဲ့ ဇူလိုင်လအတွင်းမှာ ရရှိခဲ့ပါတယ်။

စစ်ရှောင်အိမ်ထောင်စု (၄၀၀)၊ လူဦးရေ (၁၄၅၀)ဦးအတွက် ဆန်နဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ကနေ တဆင့် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

PNLO တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းက “အဲ့ဒါ ပထမဆုံးအကြိမ် ပြောလို့ရပါတယ်။ အရင် တစ်ခေါက်ကသူတို့လာတာ မိသားစု (၁၀) စုစာပေါ့နော။ ပေး သွားတာရှိတယ်။ ကျန်တဲ့ ၄၀၀ ကတော့ ဒီတစ်ခေါက်မှ ပေးနိုင်တယ်ပေါ့နော။ အရင်တုန်းက အာဆီယံ သံတမန် ကိုယ်တိုင်လာပြီးတော့ ပေးဖို့ဆိုပြီးတော့ အဲဒီတုန်းက အဆက်တွေပေါ့နော။ အဲဒီတုန်းက ပေးတော့မပေးနိုင်ခဲ့ ဘူး။ ဒါပေမယ့် မိသားစု (၁၀)စာ ဒီတစ် ခေါက်ကတော့ လေးရာ စာပေါ့။ စုစုပေါင်းကတော့ ၄၁၀ ဖြစ်သွားတာ ပေါ့“ လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါ တယ်။

အိမ်ထောင်စု ၄၀၀ အတွက် ဆန်အိတ် (၄၀၀) နဲ့ မိသားစုသုံး အသုံးဆောင်ပစ္စည်းတွေကို ကူညီပေးခဲ့တာ ဖြစ်ပါ တယ်။

အခုလို ထောက်ပံ့ကူညီပေးနိုင်ခဲ့ပေမယ့် မြေပြင်မှာ စစ်ရှောင်တွေရဲ့ လိုအပ်ချက်က ရှိနေဆဲဖြစ်တယ်လို့ ဗိုလ်မှူး ခွန်မင်းသိမ်းက ဆက်ပြောပါတယ်။ (AHA Centre)ကနေပြီး စစ်ရှောင်တွေကို ဆက်ပြီးကူညီမယ့် အခြေအနေ ကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၇) ရက်နေ့ က စစ်ရှောင်တွေကို ကူညီဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် PNLO ဆက်ဆံရေးရုံးကို သွားနေတဲ့ အာဆီယံ သံတမန်ယာဉ်တန်း ပစ်ခတ်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း လက်ရှိ ထောက်ပံ့မှုက ပထမအကြိမ်ဖြစ်ပါတယ်။

Most read this week

August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...