အတိုင်ပင်ခံနဲ့ သမ္မတဟောင်းအား ပြစ်ဒဏ်လျော့ပေးခြင်းက တော်လှန်ရေး အားပျော့အောင် လုပ်ခြင်းဟုဆို

အတိုင်ပင်ခံနဲ့ သမ္မတဟောင်းအား ပြစ်ဒဏ်လျော့ပေးခြင်းက တော်လှန်ရေး အားပျော့အောင် လုပ်ခြင်းဟုဆို

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ချမှတ်ထားသောပြစ်ဒဏ်များအနက် ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ ကာ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ချမှတ်ထားသောပြစ်ဒဏ်များအနက် ပြစ်ဒဏ် အချို့ကို လျှော့ပေါ့ပေးခြင်းသည် ပြည်သူများ ဆင်နွှဲနေသည့် တော်လှန်ရေးကြီးကို အားပျော့အောင် လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အခုဟာက ပြည်တွင်းအကြပ်အတည်း၊ နိုင်ငံရေးအကြပ်အတည်း၊ စီးပွားရေးအကြပ်အတည်း ဘက်စုံ အကျပ် အတည်းတွေ ဆိုက်နေတဲ့ အချိန်မှာ သူတို့က သဘောာထား ပျော့ပြောင်းလာတဲ့ ပုံစံမျိုး ဂိုက်ဖမ်းလာတာ။ ဒါပေ မယ့် ဒီနေ့ ဒီအချိန်ထိ သူတို့တွေ ပြည်သူတွေကို နှိပ်စက် သတ်ဖြတ် မီးရှို့နေတဲ့ အလုပ်တွေက ဆက်လုပ်နေတုန်း ပါပဲ။ အဲ့တော့ ဆိုလိုတဲ့ သဘောကတော့ သူတို့ ပျော့ပြောင်းတဲ့ ပုံစံတွေ မူယာမာယာတွေ သံတမန်ရေးအရ လှုပ် ရှားမှုတွေကို အခုတလောအတွင်းမှာ ပိုမိုပြီးတော့ ထင်မြင်ကောင်းအောင်၊ ပုံရိပ်ကောင်းအောင် ကြိုးစားနေတာ တွေကို မြင်ရတယ်။  ဒါအားလုံးဟာ စစ်ကောင်စီက သူ့အကျပ်အတည်း ထွက်ပေါက်အတွက် စဉ်းစားလုပ် ဆောင်နေတာဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့် ရာဇာ၀တ်ကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇာ၀တ်ကြီး အမှတ် ၇၁/၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၃၈/၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၄၅/၂၀၂၁ တို့အား လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

“ဒေါ်စု နေရာပြောင်းပေးတာတွေ ဘာတွေကလည်း ကောင်းမှုနဲ့ ပျော့ပြောင်းမှုတွေ လုပ်လာတာဟာ ကျနော်တို့ ပြည်သူတွေ ဆင်နွဲနေတဲ့ ပြည်သူ့တော်လှန်ရေးကြီး အတွက်အားပျော့သွားအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ နည်းပရိယာယ်သာ ဖြစ်တဲ့အတွက် မယုံကြည်ကျဖို့ ကိုယ့်တိုက်ပွဲကို ရဲရဲရင့်ရင့် တိုက်သွားဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆက်လက်သုံးသပ်ပြောဆိုသည်။

ထို့အပြင် ဦးဝင်းမြင့်ကိုလည်း ချမှတ်ပြီး ပြစ်ဒဏ်များထဲမှ ရာဇာ၀တ်ကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇာ၀တ်ကြီး အမှတ် ၃၆/၂၀၂၁ တို့အား လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။

အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျည်းသား/သူ ၇၇၄၉ ဦး တို့အား ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်ကျခံနေသူများကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသည်ဟုဆိုကာ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးကိုလည်း တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများအား ပိတ်သိမ်း ပြီး တရားခံများအား အမှုမှ လွှတ်ပေးခဲ့သေးသည်။

နိုင်ငံအချင်းချင်း မိတ်၀တ် မပျက်ဆက်ဆံရေးအတွက် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသူ/သား ၁၂၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ဆိုသည်။

ထို့အပြင် သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား/သူများအား သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရန် သက်သာခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမှုများအား သြဂုတ်လ ၁ ရက်နေ့၊ ဒုတိယ ဝါဆိုလပြည့် နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောဆို ထုတ် ပြန်ထားသည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...