တိုက်လေယာဉ်ပျက်ကျတဲ့ သက်သေများ ထပ်မံရရှိထားကြောင်း ကလလတ ထုတ်ပြန်

တိုက်လေယာဉ်ပျက်ကျတဲ့ သက်သေများ ထပ်မံရရှိထားကြောင်း ကလလတ ထုတ်ပြန်
လေယာဥ်ပျက်ကျခဲ့သည် ဆိုသောနေရာကို ကလလတက ရိုက်ယူထားတဲ့ ဒရုန်းမှတ်တမ်း။
လေယာဥ်ပျက်ကျခဲ့သည် ဆိုသောနေရာကို ကလလတက ရိုက်ယူထားတဲ့ ဒရုန်းမှတ်တမ်း။

ကယား (ကရင်နီ)ပြည် ရွာသစ်မြို့ဘက်မှာ ပစ်ချလိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ပျက်စီးမှုတချို့ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်းနဲ့ တိကျခိုင်လုံတဲ့ သက်သေတွေရရှိထားတယ်လို့ ကလလတက ထုတ်ပြန်လိုက် ပါတယ်။

အဲ့ဒီ တိုက်လေယာဉ်ကို ဇွန်လ ၃၀ ရက်နေ့က ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)/(ကလလတ)က ပစ်ချနိုင်ခဲ့တာဖြစ်ပြီး သက်သေတွေကိုတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ထပ်မံ ထုတ် ပြန်လိုက်ပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ်ဟာ K-8W အမျိုးအစားဖြစ်ပြီး လေယာဉ်အမှတ် (၃၉၃၅)ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်အဆင့်ရှိတဲ့ ဗိုလ်ကြီးသော်ဇင် (လေ ၄၁၉၈)၊ ဗိုလ်အောင်ဖြိုးကျော် (လေ ၄၃၄၉) တို့ တောင်ငူလေယာဉ်ကွင်းကနေ ပျံတက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပစ်ချခံလိုက်ရတဲ့ လေယာဉ်အတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီရဲ့ လေတပ်က ဗိုလ်ကြီးသော်ဇင်နဲ့ ဗိုလ်အောင် ဖြိုးကျော်ကိုလည်း စစ်ကောင်စီက သူရဲကောင်းဘွဲ့ တံဆိပ်တွေကို ချီးမြှင့်ထားတဲ့ အမိန့်ကြေညာစာကို ဇူလိုင်လ ၂၃ ရက်နေ့မှာ တွေ့ရှိရတယ်လို့ KNPLF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNPLF တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးက “အဲဒီအရာရှိတွေက သေတဲ့ဟာတွေ ထုတ်ပြန် တာက ကျနော်တို့ကြေးနန်းရထားတယ်။ အဲဒီကြေးနန်းအတိုင်း သူတို့နာမည်နဲ့ နောက်ပြီးတော့ မနေ့တစ်နေ့က သူတို့ ထုတ်ပြန်ထားတဲ့ သူတို့ဘွဲ့ပေးထားတဲ့ ကျနော်တို့ ထုတ်ပြန ်ချက်ထဲမှာ အဲ့ဒီနာမည်ကို highlight လုပ် ထားတယ်။ အဲ့တာကလည်း ကျနော်တို့ ကြေးနန်းနဲ့ တစ်ပုံစံတည်း မလို့” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါ တယ်။

စစ်ကောင်စီတပ်ဟာ ပျက်ကျနေတဲ့ လေယာဥ်အပိုင်းအစတွေကိုလည်း ပြန်လည်သိမ်းဆည်းသွားခဲ့တယ်လို့ ရဲဘော်လောရင်းစိုးက ဆက်ပြောပါတယ်။

“လက်ရှိအချိန်အထိ လေယာဥ်ပျက်ကျတဲ့နေရာမှာတော့ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားနေတယ်။ ကျနော်တို့ အနားကပ်လို့ မရသေးဘူး။ သူတို့လူနဲ့ပဲ လာယူသွားတယ် ပြီးတော့ သူတို့အရင် နယ်ခြားစောင့်တပ် ဖြစ်တဲ့ ၁၀၀၅ တပ်ရင်းထဲမှာပဲ စုပြုံထားတယ်တဲ့” လို့ သူက ပြောပါတယ်။

အဆိုပါ တိုက်လေယာဉ်ကို ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် ( ၁၀၀၅ ) အနီးမှာ ဇွန်လ ၃၀ ရက်နေ့မှာ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

Most read this week

August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...