လွိုင်ကော်မြို့မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေ များပြားနေဆဲ

လွိုင်ကော်မြို့မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေ များပြားနေဆဲ

ကယား (ကရင်နီ) ပြည်၊ လွိုင်ကော်ြမို့မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေ များပြားနေပြီး အများအားဖြင့် ဖျားနာကာ နှာခေါင်းသွေးလျှံတဲ့ လက္ခာဏာတွေ ဖြစ်ကြတယ်လို့ လွိုင်ကော်မြို့က ပရဟိတအဖွဲ့ တစ်ခုက ပြောပါတယ်။

တစ်ရက်ကို သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့သူ အသက် ၁၃ နှစ်အောက်ကလေး ၁၀ ယောက်ကနေ ၁၅ ယောက် ကြား ဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ လူမှုကူညီရေး ပရဟိတအသင်းတစ်သင်းမှာ ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ခန့်မှန်းက ကျနော်တို့ တစ်ရက်ကို သွေးလွန်တုပ်ကွေးလူနာ ကလေးပဲပေါ့နော။ ကလေးကျဲကျဲကို အနည်းဆုံး ဟိုဟာလောက်ရှိမယ်ဗျ။ သွေးလွန်တုပ်ကွေး လူနာဆို သွေးလွန်တုပ်ကွေးလူနာက ကလေးကျဲကျဲကို အနည်းဆုံး ၁၀ ယောက် ၁၅ ယောက် လောက်တော့ရှိမယ်ဗျ။ ကလေးကျဲကျဲကိုလေ။ ဒါပေမယ့် သေဆုံးတဲ့ ကလေးကတော့ ရှားပါတယ်” လို့ သူက ပြောပါတယ်။

မိုးဦးရာသီကစပြီး ခြင်ကိုက်ခံရတာတွေကြောင့် သွေးလွန်တုပ်ကွေး စတင်အဖြစ်များလာနေပြီး လွိုင်ကော်မြို့ ပေါ်က လူအများစုကတော့ ဆေးခန်းတွေမှာပဲ ဆေးကုသမှုခံယူကြတယ်လို့ ဆိုပါတယ်။

“မိသားစုလိုက်ဖြစ်ကြတယ်။ ကျနော်တွေ့ရတာကတော့ ဆေးခန်းတွေမှာတော့ လူပြည့်နေတာပဲ။ အပြင်းအထန် ဖြစ်တဲ့လူလောက်ပဲ ဆေးရုံသွားကြတာ။ ကျန်တဲ့လူတော့ ဆေးခန်းပြတာတို့ ကိုယ့်ကို ဆေးဝယ်သောက်တာတို့ပဲ လုပ်ကြတာ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ ထုတ်ပြန်တာ တွေ မရှိပါဘူး။ အခုနှစ်တွေမှာ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ရေကန်တွေမှာ ပိုးလောက်လန်း မပေါက်ဖွားနိုင်အောင် အဘိတ် (Abate) ဆေးမှုန့်တွေ စိမ်ပေးတာတွေ မရှိဘူးလို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်နှစ်က ဆိုရင်တော့ ခြင်ပုန်းအောင်းနိုင်တဲ့ ပေါက်ဖွားနိုင်တဲ့ ခြုံတွေကို ရှင်းကြတာ ကျန်းမာရေးအဖွဲ့တွေ က နေ ရေကန်တွေထဲကို ပိုးလောက်လန်းမပေါက်ပွားတဲ့ အဘိတ် (Abate) ဆေးမှုန့်တွေ လိုက်ခတ်ပေးတာမျိုးတို့ လုပ်ပေးတယ်။ ဒီနှစ်တော့ လုပ်တာမတွေ့ရဘူး။ ခြင်ပေါက်ပွားမှုနှုန်းတွေကလည်း ပိုများနေတယ်” လို့ ပြောပါ တယ်။

လက်ရှိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူတွေဟာ လွိုင်ကော်မြို့ပေါ်ကထက် ကျေးရွာတွေမှာ နေထိုင်သူပိုများနေ တယ်လို့ ဆိုကြပါတယ်။

ကယား (ကရင်နီ) ပြည်မှာ အခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းဟာ အာဏာမသိမ်းခင်က နှစ်တွေထက် ပိုမိုများပြား နေတယ်လို့လည်း ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။

Most read this week

August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...