မောင်တောခရိုင် ဒု-ဥပဒေအရာရှိ AA နှင့်ပတ်သက်မှုရှိ/မရှိ တစ်ရက်တာ ခေါ်ယူစစ်ဆေးခံရ

မောင်တောခရိုင် ဒု-ဥပဒေအရာရှိ AA နှင့်ပတ်သက်မှုရှိ/မရှိ တစ်ရက်တာ ခေါ်ယူစစ်ဆေးခံရ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဒု-ဥပဒေအရာရှိ ဦးလှမြင့်ကို စစ်ကောင်စီတပ်က ခေါ်ယူပြီး  ရက္ခိုင့်တပ်တော် (AA)နှင့်ပတ်သက်မှု ရှိ/မရှိ တစ်ရက်တာ စစ်ဆေးခဲ့သည်။

ဦးလှမြင့်သည် ဇူလိုင်လ ၁၉ ရက်နေ့တွင် မောင်တောခရိုင် ဥပဒေရုံးမှတဆင့် နခခ (၅) တပ်ထဲတွင် ခေါ်ယူ စစ်ဆေးခံခဲ့ရခြင်းဖြစ်ပြီး ဇူလိုင်လ ၂ဝ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု မောင်တောခရိုင် ဥပဒေရုံးနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

မောင်တောခရိုင် ဥပဒေရုံးနှင့်နီးစပ်သူတစ်ဦးက “သူ့ကို တပ်ထဲကို ခေါ်ယူသွားတယ်။ ပြီးတော့ မနေ့မနက်က ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ဦးလှမြင့်သည် အသက် ၅ဝ နှစ်ခန့်ရှိပြီး ရခိုင်အမျိုးသားတစ်ဦးဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နှစ် ဘက်ကြား နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲလျက်ရှိနေချိန်တွင် စစ်ကောင်စီက AA နှင့် ဆက်စပ် သံသယဖြင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကို ပစ်မှတ်ထားဖမ်းဆီးရန် ဦးတည်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေ ကြသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း မောင်တောမြို့၊ ကရုဏာကွန်ရက် လူမှုကူညီရေး အသင်း မှ ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်၊ ဘဏ္ဍာရေးမှူး ဦးလှသိန်း၊ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော်နှင့် မောင် တောမြို့ အမှတ် ၄ ရပ်ကွက်နေ ဦးမောင်ဘုတို့ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇-၁/၂ တို့ဖြင့် မောင်တော မြို့မရဲစခန်းတွင်  အမှုဖွင့်ထားသည်။

၎င်းတို့ထဲက ဦးလှသိန်းနှင့် ဦးထွန်းလင်းကျော်တို့သည် အောက်တိုဘာ ၁၅ ရက်နေ့၊ ညသန်းခေါင်တွင် နေအိမ် အတွင်း ဖမ်းဆီးခံခဲ့ရပြီး ကျန်နှစ်ဦးမှာ ယနေ့အချိန်ထိ တိမ်းရှောင်နေကြရသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...