မိုးဗြဲ စစ်ရှောင်ကလေးငယ်တွေ ကျောင်းတက်ခွင့်မရကြသေး

မိုးဗြဲ စစ်ရှောင်ကလေးငယ်တွေ ကျောင်းတက်ခွင့်မရကြသေး

ရှမ်း- ကရင်နီနယ်စပ်၊ မိုးဗြဲမြို့မှ စစ်ရှောင်ကလေးငယ်တွေဟာ အခုနှစ် စာသင်နှစ်မှာ တိုက်ပွဲကြောင့် တိမ်း ရှောင်နေရတဲ့အတွက် ကျောင်းမတက်ရတဲ့ သူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလက စတဲ့ မိုးဗြဲမြို့တွင်း တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေကြောင့် မိုးဗြဲဒေသခံ တွေက မတူညီတဲ့ နေရာ‌ဒေသ အသီးသီးမှာ စစ်ဘေးရှောင်နေကြပါတယ်။

စစ်ရှောင်စခန်း တစ်ခုမှာလည်း ကျောင်းသား ၂၃ ယောက်ရှိတဲ့ထဲက ၂၁ ယောက်က ကျောင်းမတက်နိုင်ကြဘူးလို့ စစ်ရှောင်ကော်မတီ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကော်မတီ တစ်ဦးက “တချို့ကလေးက ကျောင်းမတက်ရလို့ ဆိုပြီးငိုကြတာ။ အဲ့လိုမျိုးရှိတာပေါ့နော်။ ကျောင်းတက်ချင်လွန်းလို့ ကျောင်းမတက်ရတဲ့ခါကျတော့ မိဘကိုပူဆာပြီး ကျောင်းပေးတက်ဖို့ မိဘကို တောင်း ဆိုကြတာပေါ့နော်” လို့ ပြောပါတယ်။

စစ်ရေး အခြေအနေ မကောင်းတဲ့ ကာလလည်းဖြစ်လို့ မိဘတွေက သားသမီးတွေကို ကျောင်းထားဖို့ အဝေးကို မပို့ရက်တာကြောင့်လည်း ကလေးတွေကျောင်း မတက်နိုင်ကြတော့တာလို့ သူကဆက်ပြောပါတယ်။

တနေ့လုပ် တနေ့စားရင်း အသက်မွေးဝမ်းကျောင်းပြုကြရတဲ့ မိုးဗြဲစစ်ရှောင်တွေမှာ စားဝတ်နေရေးကြပ်တည်း လာပြီး ဝင်‌ငွေလည်း ကြပ်တည်းလာလို့ ကလေးကို ကျောင်းထားဖို့ ခက်ခဲနေတယ်လို့ မိုးဗြဲစစ်ရှောင် အမျိုးသမီး တစ်ယောက်က အခုလို ပြောပါတယ်။

“အရင်နှစ်ကတော့ ဟိုး မိုးဗြဲမှာ နေတဲ့ချိန်တုန်းကဆို တက်ရတယ်။ သူများတစ်လဆို နည်းနည်းပဲတောင်းတယ်။ တစ်လ ၅၀၀၀ အဲလောက်ပဲ တောင်းတယ်။ အခုကျတော့ တစ်နှစ်ဆို သူများ အများကြီးတောင်းတယ်။ တစ်နှစ် ၂ သိန်းကျော်ကျော် တောင်းတယ်။ ပြီးတော့လည်း တစ်လ တစ်လ စာလည်းရှိသေးတယ်။ အဲ့လောက် တောင်း တော့ မနိုင်ဘူး” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီး က ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေ အတွင်းရေးမှူး ဦးဗညား ကတော့ စစ်ရှောင် ပညာရေး နဲ့ ပတ်သက်ပြီး မကြာမီအချိန်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိနေကြောင်း ပြောပါ တယ်။

“ကျနော်တို့ မျှော်လင့်ထားတဲ့ ကနဦး အတိုင်းဆိုရင်တော့ ကျနော်တို့ မကြာခင်မှာ IEC ကလည်း ပညာ‌ရေးဆိုင်ရာ အထောက်အကူပြုပေါ့နော် စာရေးကိရိယာတွေ၊ ဆရာ ဆရာမတွေရဲ့ (allowance) ပဲပြောပြော (stipend) ပဲပြောပြော ထောက်ပံ့ကြေးငွေပေါ့နော် ကျနော်တို့ပေးနိုင်မှာပါ။ မကြာတော့ပါဘူး ဒီလပိုင်းဆိုရင်တော့ ကျတနော်တို့ စပြီးတော့မှ အကောင်အထည် ဖော်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ရှမ်း - ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ ဖေဖော်ဝါရီလကစလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင်လအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

စစ်ရှောင်ကူညီသူရဲ့ စာရင်းအရ မိုးဗြဲမြို့မှာ လူဦးရေ သုံး‌သောင်းနီးပါး ရှိပြီး ၅၀ ရာခိုင်နှုန်းဟာ စစ်ရှောင်နေရပါ တယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...