တောင်ကြီးမြို့ ဧည့်စာရင်း တိုင်ကြားမှု ပိုမိုတင်းကြပ်လာ

တောင်ကြီးမြို့ ဧည့်စာရင်း တိုင်ကြားမှု ပိုမိုတင်းကြပ်လာ

သျှမ်းပြည် တောင်ကြီးမြို့တွင် ယခုလ (ဇူလိုင်လ) မှစတင်၍ အခြားဒေသများ လာသည့် ပြည်သူများ ဧည့်စာ ရင်း တိုင်ကြားရာတွင် အိမ်ပိုင်ရှင်၏ အမည်အပါအဝင် နေရပ်လိပ်စာ အတိတကျ နှင့် ရုပ်ပုံအပြည့်ပါသည့် ဓာတ်ပုံထည့်ရန် အကြောင်းကြားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယခင်က ဧည့်စာရင်း တိုင်ကြားရာတွင် မိမိနာမည် နှင့် မှတ်ပုံတင်သာပေးပြီး ဧည့်စာရင်းတိုင်ကြားခဲ့ရသော်လည်း ယခုလမှစပြီး မှတ်ပုံတင် အချက်အလက် အပါအဝင် ငှားရမ်းနေထိုင်သည့် အိမ်ပိုင်ရှင်၏ (အမည်) မည်သူမည်ဝါ ဖြစ်ကြောင်း နှင့် အိမ်ခန်းငှားသူ၏ ရုပ်ပုံအပြည့်ပါသည့် ဓာတ်ပုံထည့်ပေးရန် အကြောင်းကြားခဲ့ကြောင်း တောင်ကြီးမြို့ပေါ် အိမ်ငှားရမ်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကတော့ ဧည့်စာရင်းတိုင်ရင် ကိုယ့်နာမည် နဲ့ မှတ်ပုံတင်လောက်ပဲလေ။ အခုက ကိုယ့်နာမည်ရယ်၊ ဘယ် သူ့ အိမ်မှာ လာနေလဲ၊ အိမ်ပိုင်ရှင်က ဘယ်သူလဲဆိုတဲ့ အချက်အလက်တွေကော တောင်းတယ်။ နောက်ပြီး ကိုယ့် မှတ်ပုံတင်တောင်းတယ်။ ကိုယ့်ဓာတ်ပုံတောင်းတယ်။ ဓာတ်ပုံက ရုပ်ပုံအပြည့်ပါတဲ့ ဓာတ်ပုံတောင်းတယ်။ လိုင် စင် ဓာတ်ပုံမရဘူး“ ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဧည့်စာရင်းတိုင်ကြားမှုအတွက် ၃ ဦးလျှင် ကျပ်ငွေ ၁ သောင်း ပေးဆောင်ရပြီး ဇူလိုင်လအတွင်း ဧည့်စာ ရင်းတိုင်ကြားမှု အပြောင်းအလဲတွင် မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း အသေးစိတ်ကို မသိရသေးပေ။

လက်ရှိမှာ ဧည့်စာရင်းတိုင်ကြားမှု ပိုမိုတင်းကြပ်လာခြင်း နှင့် ပတ်သက်ပြီး စစ်ကောင်စီသည် နိုင်ငံရေးလှုပ်ရှား မှုပါဝင်သူ၊ CDM နှင့် PDF တွေကို အလွယ်တကူရှာပြီး ဖမ်းဆီးနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင် ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ထင်တာတော့ သူတို့ ဖမ်းဖို့လိုရင် အလွယ်တကူ ဖမ်းနိုင်အောင်လို့ လုပ်တာပဲ မြင်တယ်။ လူရှာရတာ လွယ် အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ့်အချက်အလက်တွေ၊ ဓာတ်ပုံတွေလည်း တောင်းတယ်ဆိုတော့လေ။ အဲ့လိုပေးရတော့လည်း ကိုယ့်အတွက်တော့ လုံခြုံရေးမရှိဘူး။ လုံခြုံရေး စိုးရိမ်ရတယ်“ ဟု ၎င်းက ပြောသည်။

၂၀၂၂ အောက်တိုဘာလတွင်လည်း သစ်တောရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲတွင် လူငယ်စုံတွဲနှစ်ဦး အတူတူ နေ ထိုင်ရာ ဧည့်စာရင်း တိုင်ကြားထာခြင်း မရှိသောကြောင့် ရဲများလာရောက် စစ်ဆေးမေးပြီး မှတ်ပုံတင် ကတ်ပြား ကို သိမ်းယူကာ ကျပ်ငွေ (၃သောင်း) ဖြင့် ပြန်ရွေးယူခဲ့ရသည်။

Most read this week

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...