ဟားခါးမြို့ လွတ်လပ်ရေးကျောက်တိုင်ကနေ စစ်ကောင်စီတပ်က နေ့တိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ဟားခါးမြို့ လွတ်လပ်ရေးကျောက်တိုင်ကနေ စစ်ကောင်စီတပ်က နေ့တိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ချင်းပြည်နယ် ဟားခါးမြို့အပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ လွတ်လပ် ရေး ကျောက်တိုင် Khuhsilobo ကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသော သီမြစ်လွင်ပြင်ဖက် သို့ နေ့တိုင်းလိုလို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့တို့သည် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီဖက်က လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ ပစ်ခတ်နေပြီး ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်း မှာလည်း ပစ်ခတ်ခဲ့သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် Khuhsilobo လွတ်လပ်ရေးကျောက်တိုင်ကနေ သီမြစ်လွင်ပြင်ဖက်ကို လက်နက်ကြီးဖြင့် ၁၀ ထက်မနည်းပစ်ခတ်ခဲ့သည်ဟု CDF-Hakha တပ်ဖွဲ့နှင့် နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်။

“ဟိုလို နှစ်ဘက် ထိတွေ့ပြီးတော့ တိုက်တာမျိုးတော့ မရှိဘူး။ စစ်သားတွေကတော့ ဟားခါးမြို့ လွတ်လပ်ရေး ကျောက်တိုင် khuhsilobo ကနေ လက်နက်ကြီးတွေ လှမ်းထုတယ်၊ ပြည်သူ့ကာကွယ်ရေးတပ် ဘက်ကလည်း သီမြစ်ဘက်က စစ်သားတွေစခန်းကို drone နဲ့ ပစ်တယ်။ အဲ့လို အပြန်အလှန် ပစ်ကြတာရှိတယ်။ ကျွန်တော်တို့ ကာကွယ်ရေး တပ်ဘက်ကတော့ အထိအခိုက် မရှိဘူး။ စကစ ဘက်ကတော့ မပြောတတ်ဘူးပေါ့နော်” ဟု CDF-Hakha နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

ဇူလိုင် ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အနီး သီတာကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီးနောက် သီမြစ်အနီးတဝိုက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ ကြသည်။

ယခုလက်ရှိ မြေပြင်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း သီမြစ်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီ စခန်းများကို ချင်းကာကွယ်ရေး တပ်ဖွဲ့ဘက်က ဒုန်းဖြင့် တိုက်ခိုက်ကာ စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် မေလကုန်ပိုင်းကစ၍ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဟားခါးမြို့ မှ အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကြောင်းကိုစေလွတ်ခဲ့ပြီး ယခုအချိန်ထိ ထန်တလန်မြို့ဖက်သို့ မရောက်နိုင် သေးပဲ ဟားခါး-ထန်တလန်ကြား သီးမြစ်လွင်ပြင်အနီးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား နေခြင်း ဖြစ်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...