လွိုင်လင်လေးမြို့ တိုက်ပွဲကြား နေအိမ် ထိခိုက် ပျက်စီးမှုရှိ၊ ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေ

လွိုင်လင်လေးမြို့ တိုက်ပွဲကြား နေအိမ် ထိခိုက် ပျက်စီးမှုရှိ၊ ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေ
တိုက်ပွဲကြောင့် ပြည်သူ့နေအိမ် ထိခိုက်ပျက်စီး
တိုက်ပွဲကြောင့် ပြည်သူ့နေအိမ် ထိခိုက်ပျက်စီး

ကရင်နီ(ကယား)ပြည်၊ လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF တို့အကြား တိုက်ပွဲကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရ သည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့၊ နံနက်ပိုင်းတွင် လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်ကို ပြည်သူ့ကာကွယ် ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲသည် ငြိမ်နေသေးသော်လည်း စစ်ရေးတင်းမာမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများအချို့က ဆက်လက်နေထိုင်ရန် စိုးရိမ်ကြောက်လန့်နေရပြီး နေရပ်စွန့်ခွာ ထပ်မံ ထွက်ပြေးတိမ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲ့နေ့က မနက်စောစော PDF တွေဝင်ပစ်တာ၊ စစ်တပ်က ဘေးပတ်လည်ကို လက်နက်ကြီး လှမ်းထုတာ။ အလုံး ၃၀ ကျော်လောက် ထုတယ်။ အခုအိမ်မှာ မနေရဲတော့ဘူး။ ကျနော်တို့ အိမ်ဘေးမှာတင် လက်နက်ကြီးတွေ ကျတာ“ ဟု ၎င်း ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ခလရ (၅၃၀) တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ လွိုင်လင်လေးမြို့နယ် လင်ဖုံးကြီး ကျေးရွာ၊ နမ့်ဟူးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက် ၌ ရေးသားဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာနှင့် ကယန်းလေးကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၄၀၀ ဝန်းကျင် ထပ်မံရောက်ရှိလာနေသဖြင့် စားနပ်ရိက္ခာ အကူညီလိုအပ်နေကြောင်း စစ်ရှောင် ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ရေဖြူနဲ့ ကယန်းလေးမှာ စစ်ရှောင်အသစ်တွေ ထပ်ရောက်လာတာ ရှိတယ်။ လူဦးရေကတော့ ၃၀၀ နဲ့ ၄၀၀ ကြားလောက်မှာရှိတယ်။ တချို့လည်း ဆွေမျိုးရှိရင် သူတို့ဆွေမျိုးတွေနဲ့ သွားနေကြတာရှိတယ်။ စစ်ရှောင် တွေက ထပ်ရောက်လာတာ စားနပ်ရိက္ခာက မရှိဘူး။ အလှူရှင်လည်း မရှိဘူး“ ဟု စစ်ရှောင် ကော်မတီမှ တာဝန် ရှိသူက ပြောသည်။

သျှမ်း - ကရင်နီ (ကယား) ပြည်နယ် အစပ်ဒေသများက တိုက်ပွဲများ အပါအဝင် ကရင်နီ (ကယား)ပြည်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု တိုက်ပွဲကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရ ကြောင်း KNDF B09  က ဇူလိုင်လ ၅ ရက်နေ့၌ ထုတ်ပြန်ထားသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...