မူဆယ်မြို့က မူလတန်းကျောင်းရှေ့မှာ လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

မူဆယ်မြို့က မူလတန်းကျောင်းရှေ့မှာ လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ
အခင်းဖြစ်ပွားရာ နေရာမှာ စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ်
အခင်းဖြစ်ပွားရာ နေရာမှာ စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ်

သျှမ်းပြည် မူဆယ်မြို့မှ မူလတန်းကျောင်း ရှေ့တွင် လုံခြုံရေး နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ စစ်တပ်ဖွဲ့တို့ အမည်မသိ လူတစ်စု၏ ဝင်ရောက်ပစ်ခတ်မှုကို ခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့၊ ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလတန်း ကျောင်းရှေ့ ၌ လုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့သည် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့၏ ပစ်ခတ်မှုကို ခံရပြီး ပြည်သူ့စစ်တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

“စစ်ကောင်စီ နဲ့ ပြည်သူ့စစ်တပ်ဖွဲ့က ကျောင်းကို လုံခြုံရေးယူပေးတာ၊ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ က ကားတစ်စီး နဲ့ သူတို့ကို လာပစ်တာ၊ ပြည်သူ့စစ်တစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေကတော့ မသိဘူး” ဟု အနီးပတ်ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှု အပြီးတွင် စစ်ကား ၄ စီးဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ခန့် ရောက်ရှိလာ ပြီး အဆိုပါ ပစ်ခတ်မှု အနီး ပတ်ဝန်းကျင်ကို လာရောက် စစ်ဆေးသွားသည်ဟု မြို့ခံများက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် မူလတန်းကျောင်း၏ မျက်နှာချင်းဆိုင်တွင် Hotel နှင့် KTV လည်း ဖွင့်လှစ်ထားလျက်ရှိ ပြီး ဒေသအတွင်း ပြည်သူ့စစ်များက အဓိက လုံခြုံရေးယူပေးနေသည့် နေရာလည်း ဖြစ်သည်ဟု ဆိုကြသည်။

“ဒီနေရာတွေ တော်တော်များများ ပြည်သူ့စစ်တပ်ဖွဲ့က လုံခြုံရေးယူပေးထားကြတာ များတယ်၊ နောက်တစ်ခု ကတော့ KTV တို့ ၊ Hotel တို့လာတဲ့ သူတွေ တချို့ကလည်း လက်နက်တွေ ပါလာကြတာ ဆိုတော့ ဘယ်သူက လက်နက်ကိုင်တပ်ဖွဲ့လဲ ဘာလဲဆိုတာတွေ ခွဲခြားရခက်တယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့သည် မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်မြို့ ဖြစ်ကြသည့် အပြင် လက်နက်ကိုင် တပ်ဖွဲ့များ သွားလာ လှုပ်ရှားသည့် နေရာလည်း ဖြစ်သည့် အတွက် ပစ်ခတ်တိုက်ခိုက်မှုများ၊ အကြောင်းရင်းမသိ ပစ်သတ်ခံရမှုများက မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ - တရုတ် နယ်စပ်ရှိ အဓိက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုယက်မှုများလည်း များပြားလာသည်ဟု မြို့ခံများက ပြောသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...