တာချီလိတ်မြို့ စစ်ကောင်စီတပ်သားတစ်ဦး၏ သေနတ်မောင်းလွတ် ကျောင်းသားတစ်ဦးထိမှန်

တာချီလိတ်မြို့ စစ်ကောင်စီတပ်သားတစ်ဦး၏ သေနတ်မောင်းလွတ် ကျောင်းသားတစ်ဦးထိမှန်

သျှမ်းပြည် တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်သား၏ သေနတ်ကို ကျောင်းသားတစ်ဦးကို ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကျောင်းသား၏ ခြေထောက် ကျည်ထိမှန်သွားသည်။

ယမန်နေ့ (ဇွန်လ ၂၂) ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေ ခံပညာ အထက်တန်းကျောင်းအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးသည် အရက်မူးပြီး  ဒုတိ ယတန်း ကျောင်းသားတစ်ဦးကို သေနတ်ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကလေး၏ ခြေထောက်ကို ကျည်ထိ မှန် သွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ ဂိတ်စောင့်က အရက်မူးပြီး သေနတ်မောင်းလွတ်သွားတာ။ ကလေးကို သူတို့တပ်ထဲ တစ်ခါတည်း ခေါ်သွားလို့တော့ ပြောတယ်။ ဆေးကုဖို့အတွက် ထင်တယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ကျောင်းသားမိဘများက စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သား တစ်ဦး သည် အရက်မူးပြီး ကျောင်းသားကို သေနတ်ပေးကိုင်ရာမှ ကျည်ထွက်သွားကြောင်း ဆိုကြပြီး အချို့က အရက် မူးပြီး ကျောင်းသားကလေးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ သေနတ်မောင်းလွတ်ပြီး ကျည်ထွက်သွားကြောင်း ဆိုသည်။

ယင်းကဲ့သို့  စစ်ကောင်စီတပ်သားတစ်ဦး၏ မဆင်ခြင်မှုကြောင့် ကျောင်းသားကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာရသွားသည့် သတင်းကို စစ်ကောင်စီမှ အမှောင်ဖုံးရန် ကြိုးစားနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် တာချီလိတ်မြို့ရှိ ကျောင်းတွင် မလိုအပ်ဘဲ စောင့်ကြပ် စစ်သားများထားရှိခြင်းကြောင့် ကျောင်းသူ/ ကျောင်းသားများအတွက် အန္တရာယ်များကြောင်း တာချီလိတ်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ထပ်လောင်း ပြောသည်။

“ဒီတာချီလိတ်ရဲ့ အနေအထားမှာတော့ ကျောင်းမှာ စောင့်ကြပ်စစ်သားတွေ ထားတာမလိုပါဘူး။ အခုလို ဖြစ် တော့ ဘယ်ကောင်းမလဲ။ သောက်စားပြီးသေနတ်ကိုင်တာ ကလေးအတွက် အန္တရာယ်များတယ်“ ဟု ကျောင်းသားမိဘတစ်ဦးက ထပ်လောင်းပြောသည်။

ကျည်ထိမှန်သွားသည့် ကလေးမှာ ဒုတိယတန်း (ဃ) တွင် ပညာသင်ကြားနေသော အသက် (၈) နှစ်အရွယ် ကျောင်းသား မောင်အောင်ထက်ကိုကို ဖြစ်ကြောင်း Tachileik News Agency သတင်းဌာနတွင် ရေးသား ဖော်ပြထားသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...