PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်
မတ် - ၂၈ ရက်နေ့က NSPNC နဲ့ NCA-S-EAO (၇) ဖွဲ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးစဥ်
မတ် - ၂၈ ရက်နေ့က NSPNC နဲ့ NCA-S-EAO (၇) ဖွဲ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးစဥ်

ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ (NCA-S EAO) ၏ မျက်နှာစုံညီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် NCA-S EAO  (၅) ဖွဲ့သာ တက်ရောက်မည် ဖြစ်ကြောင်း PPST ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ကြီး စောကျော်ညွန့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ NCA-S EAO (၇) ဖွဲ့ မျက်နှာစုံညီ အစည်းအဝေးက ရရှိတဲ့ သဘောတူ ဆုံးဖြတ်ချက်တစ်ခုလို့ ပြော ရမှာပေါ့နော်။ ဒီ အစည်းအဝေးမှာ PPST အနေနဲ့ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကို ပြန်လည် သုံးသပ်တာရော၊ NSPNC ကနေ သူတို့ နဲ့ နောက်တစ်ခေါက်တွေ့ဖို့ ဖိတ်ခေါ်တာရော ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ လာမယ့် NSPNC နဲ့ တွေ့ဆုံမှု မှာ RCSS  နဲ့ MNSP တို့က မလိုက်ဖြစ်တော့ဘူး၊ သူတို့ သီးသန့်အဖွဲ့ အနေ နဲ့ သွားမယ်တဲ့” ဟု ဗိုလ်မှူး ကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ NCA-S EAO နှင့် NSPNC တို့၏ တွေ့ဆုံ ဆွေးနွေးမှုတွင် NCA-S EAO မှ (၅) ဖွဲ့သာ တက်ရောက်မည် ဖြစ်ကြောင်း နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)၊ မွန်ပြည် သစ်ပါတီ (MNSP) တို့က သီးသန့် သွားတွေ့ဆုံမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

NCA-S EAO (၅) ဖွဲ့ နှင့် NSPNC တို့၏ တွေ့ဆုံမှုသည် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ နေပြည် တော်တွင် ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

“RCSS  နဲ့  MNSP တို့က သီးသန့်သွားမယ်ဆိုပေမယ့်လည်း ကျနော်တို့  EAO ကြားမှာ (၇) ဖွဲ့လုံး သဘောတူညီ ထားတဲ့ အတိုင်း တူတာကို တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်မယ် ဆိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ရှေ့ဆက် လုပ်ဆောင်သွားမှာပါ။ NCA လက်မှတ်ရေးထိုးတုန်းက အကုန်မပါသေးသလို NCA ကို အကောင် အထည် ဖော်နေတဲ့ ကာလမှာလည်း အကုန်မပါနိုင်တာ ရှိနေတယ်၊ ဒါကတော့ ကျနော်တို့အတွက် အဆန်း တကျယ်တော့ မဟုတ်တော့ပါဘူး” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆက်ပြောသည်။

လက်ရှိတွင် PPST ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ဖြစ်ကြပြီး ပူးပေါင်းအဖွဲ့ဝင် အဖြစ် မွန်ပြည်သစ်ပါတီ (MNSP) နှင့် သျှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် NCA-S-EAO (၇) ဖွဲ့  နှင့် NSPNC တို့ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့သည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...