UWSA ဝတ်စုံဖြင့် ဓားပြတိုက်သည့် လူ ၅ ဦးကို တန့်ယန်းမြို့ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

UWSA ဝတ်စုံဖြင့် ဓားပြတိုက်သည့် လူ ၅ ဦးကို တန့်ယန်းမြို့ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

သျှမ်းပြည်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်အတွင်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA တံဆိပ်ပါ ဝတ်စုံကို ဝတ်ဆင်ပြီး ဓားပြတိုက်သည့် အမျိုးသား လူငယ် (၅) ဦးအား ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် တန့်ယန်းမြို့ အမှတ် (၆) ရပ်ကွက်၊ လုံလိတ်ကျေးရွာအတွင်းသို့ UWSA ဝတ်စုံ ဖြင့် ဓားပြလာတိုက်သည့် အမျိုးသား လူငယ် ၅ ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ယောက်က ကားပေါ်စောင့်ပြီး ၄ ယောက်က အိမ်ထဲ ဝင်ဓားပြတိုက်တာ၊ သူတို့မှာ ဓားရှည် နဲ့ ပစ္စတိုတွေ ကိုင်ထားကြတယ်။ ပြီးတော့ အိမ်ရှင်ကို ဖမ်းချုပ်ပြီး ငွေတွေကို ဖမ်းထုတ်ခိုင်းတာ၊ တရုတ်ငွေ နဲ့ မြန်မာငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ပေါ့၊ ဒါပေမဲ့ သူတို့ကို အရပ်ထဲက ဝိုင်းဖမ်းနိုင်ခဲ့တယ်” ဟု တန့်ယန်းမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားပြတိုက် လူငယ် ၅ ဦးကို ဓားရှည်နှစ်လက်၊ ပစ္စတို သေနတ် တစ်လက်၊ UWSA တံဆိပ်ပါ စစ်စိမ်းရောင် အင်္ကျီ တစ်ထည်တို့နှင့်အတူ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ ဓားပြဝင်တိုက်ခံရသည့် လုံလိတ်ကျေးရွာသည် တန့်ယန်းမြို့ပေါ် ရပ်ကွက်အတွင်း ရှိသော်လည်း အိမ်ခြေ ၂၀ ကျော်သာ ရှိနေသည့်အတွက် မြို့စွန်ကျ နေရာဖြစ်ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

ထို့အပြင် ဓားပြတိုက် လူငယ်အုပ်စုသည် အဖွဲ့လိုက်ရှိနေခြင်းဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း ၂၀ ဝန်းကျင်နီးပါး ရှိနေ သည်ဟု ဆိုသည်။

“သူတို့က အုပ်စုလိုက် လှုပ်ရှားတာ၊ တစ်အုပ်စုကို  ၅ ယောက် ၇ ယောက် အဲ့လိုတွေနဲ့ သွားလာကြတာတဲ့၊ တစ်ဖွဲ့ လုံးဆိုရင် စုစုပေါင်း ၂၀ လောက်ရှိတယ်၊ အခုတော့ ၅ ယောက်ဖမ်းထားလိုက်ပြီ၊ ကျန်တဲ့ အဖွဲ့ဝင်တွေကိုလည်း လိုက်ဖမ်းမယ်လို့ သိရတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ ဓားပြတိုက်သည့် လူငယ် ၅ ဦးကို ဒေသခံများမှ တစ်ဆင့် တန့်ယန်းမြို့နယ် ဒေသတွင်း အာဏာပိုင်များသို့ လွဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။

ယင်းကဲ့သို့ UWSA တံဆိပ်ပါ ဝတ်စုံဖြင့် ဓားပြဝင်တိုက်သည့် လူငယ်များကို ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်ပြီး UWSA တပ်ဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို မေးမြန်းရန်အတွက် ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...