KNPLF ဌာနချုပ်ရှိတဲ့ ဟိုစဲ့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်

KNPLF ဌာနချုပ်ရှိတဲ့ ဟိုစဲ့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်
စစ်ကောင်စီလေယာဉ်ဗုံးကျဲမှုကြောင့် ပျက်စီးသွားတဲ့ ဟိုစဲ့ က မြင်ကွင်းတချို့
စစ်ကောင်စီလေယာဉ်ဗုံးကျဲမှုကြောင့် ပျက်စီးသွားတဲ့ ဟိုစဲ့ က မြင်ကွင်းတချို့

စစ်ကောင်စီတပ်က ကရင်နီပြည်နယ် အခြေစိယက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (KNPLF) ဌာနချုပ်ရှိရာ ဟိုစဲ့ဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီက ကရင်နီပြည် (KNPLF) ဌာနချုပ်ရှိရာ ဟိုစဲ့ကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ ရာ ဘောလုံးကွင်း ပျက်စီးခဲ့ရသလို အခြားသော ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ ဟိုစဲ့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၇ ရက် စနေနေ့ကပေါ့ ၆ လုံး အတွဲလိုက် ကြဲသွားတာပါ။ စစ်ရေးအခြေနေတော့ ပြင်းထန်နေတယ်။ ထိခိုက် ပျက်စီးမှုတော့ အနည်းငယ် ရှိပါတယ်။ လောလောဆယ်တော့ ပန်တိန်း မှာ အရမ်းပြင်းထန်နေတယ်။ စစ်ကောင် စီဖက်က ရဟတ်ယဉ်တွေ လာရောက်ပစ်ခတ်တယ်။ လေယာဉ်ဗုံးကို တစ်နေ့ကို ၅ ခါထက် မနည်း လာကြဲတယ်။ တစ်ခါကျဲရင် ၆ လုံး။ အတွဲလိုက်ကို ကြဲတာ။ ကင်းထောက် လေယာဉ်တော့ ရက်တိုင်းကို ဝဲတယ်။ မလာတဲ့ ရက် ကို မရှိဘူး” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဘောလုံးကွင်းနဲ့ KNPLF ရဲ့ ဌာနချုပ်ဟာ မီတာ ၃၀၀ ဝန်းကျင် အကွာအဝေးရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘောလုံးကွင်းနဲ့ ဌာနချုပ်နေရာ အကြားမှာ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းကျေးရွာက လူနေအိမ်တွေဟာလည်း ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အများအပြား ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ မယ်စဲ့ ရဲစခန်းကို ကရင်နီဒေသခံပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မယ်စဲ့မြို့ပေါ်က ဒေသခံတွေ အပါအဝင် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့ကနေ စစ်လာရှောင်ကြတဲ့ ပြည်သူ ၅ ထောင်ကျော်ဟာ ထိုင်းနိုင်ငံ အတွင်းနဲ့ နယ်စပ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ တွေက တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

လက်ရှိမှာလည်း မယ်စဲ့မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်တာကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးတာဝန်ရှိသူတွေ က ပြောဆိုထားပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...