လားရှိုးမြို့နယ် စစ်ကောင်စီတပ်သားများက ရွာသားများကို ရေခပ်ခိုင်းနေ

လားရှိုးမြို့နယ် စစ်ကောင်စီတပ်သားများက ရွာသားများကို ရေခပ်ခိုင်းနေ
Photo - SSPP Info
Photo - SSPP Info

သျှမ်းပြည် လားရှိုးခရိုင်၊ ခုန်စုန်ကျေးရွာ အတွင်း ရောက်ရှိနေကြသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ရွာသားများကို ၎င်းတို့ သုံးရေ၊ သောက်ရေများကို ခပ်ခိုင်း နေကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်မှ စတင်ကာ ခုန်စုန်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ သောက်သုံးရန် ရေကို ဒေသခံရွာသားများအား အလှည့်ကျဖြင့် ခပ်ပေးရန် ညွှန်ကြား စေခိုင်းလာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“တစ်နေ့ကို ထော်လာဂျီ တစ်စီး နဲ့ ဆိုင်ကယ်တစ်စီး ပေးရမှာတဲ့၊ ဆိုင်ကယ်က သူတို့ သွားရေးလာရေးအတွက်၊ ထော်လာဂျီက ရေခပ်ပြီး ဖြည့်ပေးဖို့ အတွက်ပေါ့၊ မပေးရင် မရဘူး ဆိုပြီးတော့ ရွာလူကြီးဆီ ညွှန်ကြားလာတာ၊ ရွာသားတွေလည်း အလှည့်ကျ စနစ်နဲ့ သူတို့အတွက် ရေတွေကို ခပ်ပြီး ပို့ပေးရတယ်” ဟု လုံခြုံရေး အရ အမည် မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီအတွက် ရေခပ်ပေးရန် ထော်လာဂျီ နှင့် ဆိုင်ကယ် ပေးရသည့် အပြင် ထော်လာဂျီ မောင်း သူ၊ ရေခပ်ထည့် ပေးမည့်သူ အမျိုးသားတစ်ဦးလည်း ပေးရသည်ဟု ဆိုသည်။

လက်ရှိ အချိန်သည် လယ်ယာ လုပ်ငန်းခွင် စတင်လုပ်ကိုင်နေကြသည့် အချိန်ဖြစ်နေသောကြောင့် ဒေသခံများ၏ လုပ်ငန်းခွင်များကို ထိခိုက်လာသည့်အပြင် မလုံခြုံသလိုလည်း ခံစားရကြောင်း ဒေသခံများက ပြောသည်။

“အခုက ပျိုးကြဲတဲ့အချိန်၊ လယ်ထွန်တဲ့ အချိန်ဆိုတော့ လုပ်အားတွေက တအားလိုတယ်လေ၊ တချို့အိမ်ကဆိုရင် အိမ်တံခါးတွေ ပိတ်ပြီး၊ လယ်ယာသွားကြရတာ၊ ဒါပေမဲ့ အခုလို သူတို့အတွက် ရေခပ်ဖို့ ရေသယ်ဖို့ တစ်နေ့ကို အမျိုးသား တစ်ဦးက မရှိမဖြစ် နေပေးရမှာဆိုတော့ လုပ်ငန်းပိုင်း ထိခိုက်တယ်၊ ပြီးတော့ လုံခြုံရေးကိုလည်း စိုး ရိမ်ရတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ နယ်မြေအနီးပတ်ဝန်းကျင်၌ စစ်ကောင်စီ တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း သွားလာ လှုပ်ရှားနေသည့်အတွက် ထိတွေ့ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်ရကြောင်း ဒေသခံများက ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင်လည်း လားရှိုးမြို့နယ်အတွင်း MNDAA နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ် ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများက စစ်ရှောင်ထွက်ပြေးခဲ့ ရသည်။

လက်ရှိ အချိန်သည် ဒေသခံများ လုပ်ငန်းခွင် ဝင်ရောက်ရမည့်အချိန် ဖြစ်နေသည့်အတွက် လက်နက်ကိုင် တပ်ဖွဲ့ များ ကျေးရွာအနီး တိုက်ပွဲ မဖြစ်ကြရန်လည်း ဒေသခံများက တောင်းဆိုထားသည်။

အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က သွားလာလှုပ်ရှားနေကြသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...