ရယက ဥက္ကဋ္ဌများ လာမည့် ဧပြီလတွင် ပြောင်းမည်

ရယက ဥက္ကဋ္ဌများ လာမည့် ဧပြီလတွင် ပြောင်းမည်
by -
သျှမ်းသံတော်ဆင့်

နအဖ စစ်ကောင်စီ၏ အောက်ခြေအဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သော ရပ်ကွက်/ ကျေးရွာအေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌများအား လာမည့် ဧပြီလတွင် အသစ် ပြောင်းလဲ ခန့်အပ် ...

နအဖ စစ်ကောင်စီ၏ အောက်ခြေအဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သော ရပ်ကွက်/ ကျေးရွာအေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌများအား လာမည့် ဧပြီလတွင် အသစ် ပြောင်းလဲ ခန့်အပ်မည်ဟု သိရသည်။

အဆိုပါ ရယက ဥက္ကဋ္ဌ ရာထူးကို လက်ရှိ ရယကရုံးများ၌ တွဲဘက် တာဝန်ပေးထားသည့် ရယက စာရေးများဖြင့် အစားထိုး ခန့်အပ်မည် ဖြစ်ကြောင်း အာဏာပိုင် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ရယကအုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်းများအား လာမည့် အုပ်ချုပ်ရေး အဖွဲ့သစ်တွင် အဖွဲ့ဝင်အဖြစ် ပြန်လည် ခန့်အပ်ဖွယ်ရှိကြောင်း သိရသည်။

“လာမဲ့ ဧပြီလဆန်းပိုင်းလောက်မှာ ရယကဥက္ကဋ္ဌတွေ အကုန်ပြောင်းမယ်၊ မတ်လပိုင်းကုန်လောက် လက်ကျန် ကိစ္စတွေအပြီး ဆောင်ရွက် ခိုင်းထားတယ်၊ ဥက္ကဋ္ဌနေရာကိုတော့ အခုရယကရုံးတွေမှာ စာရေးအဖြစ်တွဲဘက်ထားတဲ့ ရယက စာရေးတွေနဲ့ အစားထိုးမယ်၊ အရင်အဖွဲ့ထဲက တချို့ကို ပြန်ခန့်နိုင်တယ်” ဟု ရယက နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မြို့နယ်နှင့် ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့အား အတိုကောက် ခေါ်ဆိုသော မယကနှင့်ခယက ဆိုသည့်  အသုံး အနှုန်းများ ပြောင်းလဲ မည်ဖြစ်သော်လည်း အဖွဲ့ဝင်များပြောင်းလဲမှု မရှိကြောင်း သိရသည်။

မယကနှင့်ခယကအတွင်းရေးမှူးများသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ လာရောက် တာဝန် ထမ်းဆောင်သူများဖြစ်၍ မူရင်းဝန်ကြီးဌာနသို့ ရွေ့ပြောင်းရဖွယ်ရှိကြောင်း သိရသည်။

Most read this week