ကယား တေးသီချင်း တပုဒ်နဲ့ ကျေးလက်မှာ ခွန်အားတွေ ဖြည့်နေမယ် …

ကယား တေးသီချင်း တပုဒ်နဲ့ ကျေးလက်မှာ ခွန်အားတွေ ဖြည့်နေမယ် …
by -
ကယားထဲ

မော်ကယားက ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လာပြီး ဖရူဆိုမြို့မှတဆင့် တောင်တန်းတွေကြားက တောင်တက်လမ်းမှာ ကျောပိုးအိတ်လွယ်ပြီး နေကာဦးထုပ်ဆောင်းလျက် ခြေလှမ်းတွေ တစ်လှမ်းချင်း ...

မော်ကယားက ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လာပြီး ဖရူဆိုမြို့မှတဆင့် တောင်တန်းတွေကြားက တောင်တက်လမ်းမှာ ကျောပိုးအိတ်လွယ်ပြီး နေကာဦးထုပ်ဆောင်းလျက် ခြေလှမ်းတွေ တစ်လှမ်းချင်းလှမ်းရင်း ခရီးဆက်နေတယ်။

စီမံကိန်းအတွက် မော်ကယားဟာ ဖရူဆိုမြို့နယ်သို့ ခရီးသွားစဉ်အသက်နှစ်ဆယ် အရွယ်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်သား မော်ကယားဟာ နေ့တစ်ဝက်လောက် တောင်တက် လမ်းကို လျှောက်ပြီးတဲ့ နောက်မှာတော့ အိမ်ခြေ နှစ်ဆယ်လောက်ပဲရှိပြီး လူဦးရေ တစ်ရာလောက် နေထိုင်ကြတဲ့ ရွာလေးကို ရောက်သွားပါတယ်။ လမ်းတစ်လျှောက်မှာတော့ ရေဒီယိုလှိုင်းမှ ထုတ်လွှင့်တဲ့ ကယား သီးချင်းသံလေးကို နားထောင်ရင်းနဲ့ လာခဲ့ပါတယ်။

သူမတာဝန်ကျတဲ့ ရွာက စစ်အစိုးရအာဏာပိုင်အုပ်ချူပ်မှုနဲ့ ကရင်နီအစိုးရအုပ်ချူပ်မှု နှစ်ခုအောက်မှာ ရှိနေတဲ့ အမဲရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ မြို့နှင့်ဝေးလံခေါင်းပါးပြီး နယ်မြေဒေသအေးချမ်းမှုမရှိတဲ့ ကျေးလက်ဒေသ ဖြစ်ပါတယ်။

ရေရှားပါးတဲ့အတွက်ကြောင့်လည်း တစ်မိုင်ခွဲဝေးတဲ့ တောင်တက်တောင်ဆင်းကြားထဲက စိမ့်စမ်းရေကို သွားခပ်ရပါတယ်။ အမှန်တကယ် ဖွံ့ဖြိုးမှုလိုအပ်တယ်ဆိုပေမဲ့ နယ်မြေဒေသကြမ်း တမ်းလို့ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေက မသွားနိုင်တဲ့ နေရာဖြစ်ပါတယ်။

စစ်အစိုးရအာဏာပိုင်ကလည်း လုံခြံုမှုမရှိတဲ့ နယ်မြေဆိုပြီးတော့ ဘယ်လူမှုအဖွဲ့အစည်းမှ သွားခွင့်မပြုပဲ အမျိုးမျိုးခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ အဲဒီနယ်မြေမှာ ဘာသာရေးလူမှုအဖွဲ့အစည်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ သူမကိုယ်တိုင် ရွေးခြယ်ခဲ့တာပါ။

ကယားပြည်နယ် ကျေးလက်ဒေသတွေမှာ လူထုတွေရဲ့ အခက်အခဲတွေ၊ အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ဖွံ့ဖြိုးမှုအရမ်းနောက်ကျနေသေးတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောလို့ သူမကြားသိခဲ့ရခြင်း ဖြစ်ပါတယ်။

အဲဒါတွေ သိလာပြီးနောက် ကူညီပေးချင်တဲ့ စိတ်တွေပေါ်လာပြီး အဲဒီဒေသမှာ ဖွံ ့ဖြိုးရေးလုပ်ငန်းမှာ ကိုယ်တိုင်ပါ၀င်ဖို ့ ဆုံးဖြတ်လိုက်ခြင်းပဲဖြစ်ပါတယ်။

မော်ကယားနှင့် ရွာသားများက ရေကို သွားယူနေကြစဉ်ပြီးနောက် အဲဒီရွာကို တကယ်ရောက်ပြီး ကျေးလက်ဒေသက အခြေအနေတွေကို လက်တွေ့မြင်ရပြီးနောက် သူမအရမ်းစိတ်မကောင်းဖြစ်မိသွားတယ်။

“ကျမ သူတို ့ကို ကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်မိတယ်။ သူတို ့တွေက အရမ်းဆင်းရဲကြတယ်။ အသိအမြင် အတွေးအခေါ်တွေကလည်း နောက်ကျနေတယ်” လို ့ မော်ကယားက ပြောပါတယ်။

တခါတလေမှာ နိုင်ငံရေးအခြေအနေနဲ့ လူထုတွေအကြား သူမဘယ်လိုနည်းနဲ့ အလုပ်လုပ်ရမလဲဆိုတာတွေကို တွေးရင်းစိတ်ဓါတ်တွေကျမိပါတယ်။

ဒါပေမဲ့ သူမဖွံ့ဖြိုးရေးလုပ်သားတစ်ဦးအနေနဲ့ အဲဒီဘဝအတားအဆီး များကြားက စိတ်ဓါတ်မကျအောင် ခွန်အားဖြစ်စေခဲ့တဲ့ အရာလေးကတော့ မိမိတို့လူမျိုးတို့ရဲ့ အမျိုးသားဂီတ တေးသီးချင်းလေးပဲ ဖြစ်ပါတယ်။

သူမရဲ့လုပ်ငန်း ရှေ့ဆက်သွားဖို့က သူမရင်ကို အားပေးနှစ်သိမ့်စေခဲ့တဲ့ သီးချင်းကတော့ အဆိုတော်မော်ဘူးမြာ ကယားဘာသာလို သီဆိုထားပြီး တေးရေး ဆရာ ဦးဌေးရယ်ကနေပြီး ၁၉၈၆ ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ ကယားဘာသာလို “အျကျုအျရေ” ကိုယ့်စွမ်းအားနဲ့ ကိုယ်ကြိုးစားရမယ် ဆိုတဲ့တစ်ပုဒ် ပါပဲ။

“သွေးချင်းညီအစ်ကိုမောင်နှမ၊ မိဘဆွေမျိုးများ စည်းလုံးညီညွတ်စွာနေထိုင်ကြရင် တို့မြို့တို့ရွာ သာယာတိုးတက်ရေးအတွက် တို့လူငယ်တွေစွမ်းဆောင်ကြမယ်လေး အားလုံးကိုယ့်စွမ်းအားနဲ့ကို ကိုယ်ထူကိုယ်ထ ကြိုးစားမှသာလျှင်တို့ရွာ ဖွံ့ဖြိုးတိုးတက်မယ်လို့ ဆိုထားတဲ့တစ်ပုဒ်ဟာ သူမရဲ့ ရင်ကိုထိမှန်စေခဲ့တယ်” လို့ပြောပါတယ်။

မော်ကယားနှင့် ဖွံ့ဖြိုးရေးလုပ်သားများ တောင်အဆင်းတနေရာသို့ ခရီးသွားစဉ်“တာဝန်ကျတဲ့ ရွာရောက်တဲ့အခါလည်း အဲဒီသီးချင်းကို နားထောင်ဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

သူမဟာကျေးရွာရှိ လူတွေနဲ့အတူ တခါတလေ အဲဒီသီးချင်းလေးအမြဲဆိုဖြစ်ကြပါတယ်။

ဂီတသီချင်းဟာ လူငယ်တွေရဲ့စိတ်ကို မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပြည်သူလူထုအရေးတွေမှာ နိုင်ငံ့သားကောင်းတစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေကို သိရှိလာပြီး အမျိုးသားရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါ၀င်လာစေ အောင်ပြုလုပ်ပေးတဲ့ လက်နက်တမျိုးပါပဲလို့ သူမကပြော ပါတယ်။

တေးသီချင်းများဖြင့် ရေးစပ်သီဆိုနေကြသော တေးရေးဆရာတွေ၊ အဆိုတော်တွေမှာလည်း မိမိတို့ရှိနေတဲ့နေရာမှာ တတ်စွမ်းသမျှ မိမိလူမျိုးအတွက်၊ လူထုအတွက်ဆိုပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အမျိုးသားရေးသီးချင်းများဖြင့် စွမ်းဆောင်နေကြခြင်းပဲဖြစ်ပါတယ်လို့ သူမက ယုံကြည်ပါတယ်။

“ကယားပြည်နယ်ရဲ့ အကြောင်းကို ပေါ်လွင်စေချင််လို့ရယ်၊ တိုင်းရင်းသားအားလုံး ကိုယ့်ပြည်ကိုယ့်လူမျိုးကိုယ့်ဒေသ အခြေအနေမှန်ကို သိစေချင်လို့ရယ်။ တိုင်းရင်းသားအားလုံး မခွဲခြားပဲ သွေးချင်းတွေစည်းလုံး ညီညွတ်ပြီး မိမိဒေသအတွက် အကျိုးပြုစေမဲ့လုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်လာအောင် ရည်ရွယ်ရေးပြီး သီးချင်းတွေကို ရေးခဲ့ခြင်းဖြစ်တယ်” လို့ တေးရေးဆရာခူးရယ်က သူရေးစပ်ခဲ့တဲ့ သီချင်းရဲ ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။

မော်ကယားဟာ မြို့ပေါ်နေခဲ့တဲ့သူဖြစ်ပြီး အရင်တုန်းက လူမှုရေးလုပ်ငန်းတွေကိုလည်း စိတ်ပါ၀င်စားမှုနည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုချိန်မှာ ကျေးရွာလူထုရဲ့ ဆိုးရွားတဲ့အခြေအနေ သူမနားလည်လာခဲ့ပြီး သူတို့နဲ့အတူ အပြန်အလှန်လေးစားမှုတွေ ရရှိခဲ့ပါတယ်။

မော်ကယားမှ ဖွံ့ဖြိုးရေးလုပ်နေတဲ့ ရွာကလေး“အပြန်အလှန် နားလည်မှု လိုအပ်တယ်၊ အတတ်နိုင်ဆုံး လူထုတွေနဲ့ ပူးပေါင်းပြီး နှစ်ဘက်လုံး အဆင်ပြေအောင် နေတယ်။ လွယ်တော့ မလွယ်ဘူးနော်၊ တစ်ချက်မှားရင် ဒုက္ခ ရောက်သွားနိုင်တယ်၊ လက်ရှိ နိုင်ငံရေး ပြဿနာက လွယ်မှ မလွယ်တာ၊ ကိုယ့်အသက်နဲ့တောင် ရင်းပြီးလုပ်ရတယ်။  အကောင်းဆုံး သူတို့နဲ့ လိုက်လျောညီထွေမှုရှိအောင် နေတတ်ဖို့က အရေးကြီးဆုံးပဲ” လို့ မော်ကယားက ပြောပါတယ်။

“ကယားသီးချင်းတွေ နားထောင်ရင်းနဲ့ ဒီတောဒီတောင်ထဲမှာပဲ ပျော်လာတယ်။ ကိုယ့်ရွာကိုယ့်ဆွေးမျိုးတွေနဲ့ အခက်အခဲတွေကြားထဲက ဖွံ့ဖြိုးတိုးတက်အောင် အတူတူကြိုးစားလာချင်တယ်” လို့ သူမက ပြောပါတယ်။

သူမဟာအခုချိန်မှာ လူထုတွေရဲ့ မေတ္တာရောင်ပြန်ဟပ်မှုကြောင့် ဖွံ့ဖြိုးရေးလုပ်သားတစ်ဦးကနေ ခံစားနားလည်တတ်သွားပါပြီ။ လျှပ်စစ်မီးမရှိ ရုပ်ရှင်ဗွီဒီယိုလည်းမရှိ၊ အင်တာနက်လည်း မရနိုင်တဲ့တောတောင်ထဲ ရောက်တော့ ဝေးကွာနေတဲ့ ပြင်ပသတင်းအချက်အလက်ကို ရေဒီယိုတစ်ခုတည်းပဲ ရပါတယ်။

လူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အသိအမြင်တွေ ပိုခိုင်မာလာစေအောင် ဆက်လက်လုပ်ဆောင်ရွက်နိုင်ဖို့အတွက် ခွန်အားဖြည့်စေအောင် သူမဟာအခုချိန်ထိ နေပြည်တော်ကယားဘာသာအစီအစဉ်က ထုတ်လွှင့်တဲ့ ကယားသီချင်းကို နားထောင်နေဆဲပဲဖြစ်ပါတယ်။

Most read this week