နအဖစစ်ကူတပ် KIA မိုင်းထိ ၄ ဦး ဒဏ်ရာရ

နအဖစစ်ကူတပ် KIA မိုင်းထိ ၄ ဦး ဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

ကေအိုင်အေနှင့် နအဖတပ်တို့ နှစ်ဘက် တိုက်ပွဲဖြစ်ရာ နေရာသို့ ဗန်းမော်မြို့မှ စစ်ကူပို့လိုက်သော နအဖ စစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခန့်က ထပ်မံ မိုင်းထိမိကြောင်း ကေအိုင်အို သတင်းရပ်ကွက် အဆိုအရ သိရ ...

ကေအိုင်အေနှင့် နအဖတပ်တို့ နှစ်ဘက် တိုက်ပွဲဖြစ်ရာ နေရာသို့ ဗန်းမော်မြို့မှ စစ်ကူပို့လိုက်သော နအဖ စစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခန့်က ထပ်မံ မိုင်းထိမိကြောင်း ကေအိုင်အို သတင်းရပ်ကွက် အဆိုအရ သိရသည်။

KNG)ယမန်နေ့နံနက်ပိုင်းက နှစ်ဘက် တိုက်ခိုက်ခဲ့ကြသည့် ကချင်ပြည်နယ် မန်စီမြို့နယ် မန်သာနှင့် တုံလေရွာ အနီးတွင် နအဖစစ်ကူတပ် ခမရ ၃၁၉ မိုင်းထိမိခြင်းဖြစ်ပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းနေ့နံနက်ပိုင်း ကေအိုင်အေနှင့် နအဖတိုက်ပွဲတွင် နအဖစစ်တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရင်ထွေး အပါအဝင် စစ်သည် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသူများကို  မန်ဝိန်းကြီး ဆေးရုံသို့ သယ်ဆောင်ခဲ့ရာ လမ်းတစ်ဝက်တွင် တပ်ရင်းမှူး ရင်ထွေး သေဆုံးခဲ့ပြီး ယမန်နေ့က တပ်ကြပ်တစ်ဦး ဆေးရုံတွင် ထပ်မံသေဆုံးကြောင်း သိရသည်။

Most read this week