မူစယ် ၁၀၅ မိုင်တွင် ကြက်ခြေနီနှင့် မီးသတ်က ကြံ့ဖွံ့ကို မဲပေးခိုင်း

မူစယ် ၁၀၅ မိုင်တွင် ကြက်ခြေနီနှင့် မီးသတ်က ကြံ့ဖွံ့ကို မဲပေးခိုင်း
by -
သျှမ်းသံတော်ဆင့်

ယနေ့ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ မဲရုံအမှတ် ၁၌ မဲပေးကြရာတွင် ကြက်ခြေနီနှင့်မီးသတ်က မဲပေးလာသူများအား ကြံ့ဖွံ့ ပါတီကို မဲပေးရန် ဖိအားပေးတိုက်တွန်းမှုကို ကျားဖြူပါတီက ကန့်ကွက်၍ မရ ...

ယနေ့ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ မဲရုံအမှတ် ၁၌ မဲပေးကြရာတွင် ကြက်ခြေနီနှင့်မီးသတ်က မဲပေးလာသူများအား ကြံ့ဖွံ့ ပါတီကို မဲပေးရန် ဖိအားပေးတိုက်တွန်းမှုကို ကျားဖြူပါတီက ကန့်ကွက်၍ မရခဲ့ကြောင်း မဲရုံစောင့်ကြည့်နေသူ တစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။

“၁၀၅ မိုင် မဲရုံအမှတ် ၁ မှာကြက်ခြေနီ နဲ့မီးသတ်တွေ မဲရုံထဲကူညီဆောင်ရွက်နေတာကို မျက်မြင်တွေ့ခဲ့ရတယ်။ အဲဒါ ဘယ်လိုမှလုပ်လို့မရဘူးလေ၊ မဲပေးတဲ့လူတွေကို မဲရုံထဲအထိခေါ်ယူပြီး ဆောင်ရွက်နေတာပါ။ မဲခြစ်တဲ့နေရာတွေ မှာရော ဖိအားပေးနေတာ၊ ကန့်ကွက်ပေမဲ့လည်းခဏပဲရတယ်။ နောက်တော့ဆက်လုပ်တာပဲ” ဟု သူက ပြောသည်။

Most read this week