ဦးဇခုန်တိန့်ယိန်းအား တိုင်ကြားမှုကို ယခုလ ၁၁ ရက်၌ ပြန်လည်စစ်ဆေးမည်

ဦးဇခုန်တိန့်ယိန်းအား တိုင်ကြားမှုကို ယခုလ ၁၁ ရက်၌ ပြန်လည်စစ်ဆေးမည်
သုတလင်း — ကချင်ပြည်နယ်အထူးဒေသ(၁)တွင် ရွေးကောက်ပွဲမတိုင်မှီကာလအတွင်း NLD လွှတ်တော် ကိုယ်စားလှယ်များ စည်းရုံးရေးဆင်းခွင့် မရရှိခဲ့သောဖြစ်စဉ်နှင့် ပတ်သတ်၍  ဆော့လော်မြို့နယ် လွှတ်တော်ကိုယ် စားလှယ်လောင်းက ဦးဇခုန်တိန့်ယိန်းအား တိုင်ကြားထားသည့် အမှုကို ယခုလ ၁၁ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့က ပြန်လည် စစ်ဆေး သွားမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်းထံမှသိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ ကချင်ပြည်နယ်အထူးဒေသ(၁)ဖြစ်သည့် ချီဖွေ၊ဆော့လော်နှင့် အင်ဂျန်းယန်ဒေသများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် မဲဆွယ် စည်းရုံးခွင့်မရခဲ့သည့် ကိစ္စနှင့် ပတ်သတ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်
လောင်းများ ဘက်က ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့က ကိုယ်စားလှယ်နေရာမရလို့၊ ပါတီရှုံးလို့တိုင်တာမဟုတ်ပါဘူး။ NLD ပါတီ ကိုယ်စားလှယ်တွေ မလာရဘူးဆိုပြီး လက်နက်ကိုင် အဖွဲ့တစ်ခုအနေနဲ့ ခြိမ်းခြောက် တားမြစ်တယ်။ ဖမ်းဆီးသတ်ဖြတ်ပစ်မယ် ပြောတာတွေနဲ့ပ တ်သတ်ပြီး မတော်မတရားဖြစ်တဲ့ ကိစ္စတွေကိုတိုင်တန်း တာဖြစ်ပါတယ်" ဟု ဆော့်လော်မြို့နယ်တွင် ဝင်ရောက်အရွေးချယ်ခံခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းက ရွေးကောက်ပွဲမတိုင်မှီ ကာလအတွင်း ၄င်းအုပ်ချုပ်ရာဒေသဖြစ်သည့် ကချင်ပြည်နယ်အထူးဒေသ(၁) အတွင်း မည်သူမျှ မဲဆွယ် စည်းရုံးခြင်းမပြုရန် ဒေသအတွင်း တရားဝင်စာထုတ်ပြန်ကာတားမြစ် ထားကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ရွေးကောက်ပွဲအပြီး၌ NLD ဘက်မှ တိုင်ကြားခဲ့ပြီး ဒီဇင်ဘာလအတွင်းက စစ်ဆေးမည်ဟုဆို ကာ နေပြည်တော်ရှိ ကော်မရှင်ရုံးချုပ်သို့ ခေါ်ယူခဲ့သော်လည်း တိုင်ကြားသူများ ဘက်မှ လွှတ်တော်ကိုယ်စားလှယ်၏ ရာထူးမှားယွင်းနေသည်ဟုဆိုကာ နောက်တစ်ချိန်ပြန်လည် တိုင်ကြားရန်ပြောဆိုခဲ့သောကြောင့် NLDပါတီဘက်မှ ပြန်လည်တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၁ ရက်တွင် ပြန်လည်စစ်ဆေးရန် ချိန်းဆိုခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

ချီဖွေဘက်သို့သွားရောက် မဲဆွယ်ခဲ့သည့် NLD လွှတ်တော်အမတ်များမှာလည်း ရိုက်နှက်ခံခဲ့ရသည့် ဖြစ်ရပ်များဖြစ်ပွားခဲ့ရာ ချီဖွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေး ချယ်ခံ ဦးထွန်းထွန်းဦးကမူ အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခဲ့ပြီး ရဲစခန်းမှလည်း အမှုလက်ခံဖွင့်ဆိုပေးခဲ့ပြီး ထုတ်ပြန်မှုဘာမှမရှိကြောင်းသတင်းရရှိသည်။

ဦးဇခုန်တိန့်ယိန်းဘက်ထံသို့မူ လက်ရှိအချိန်ထိ BNI ရွေးကောက်ပွဲ သတင်းခန်းဘက်မှ ဆက်တိုက် ဆက်သွယ်လျှက် ရှိသော်လည်း ဆက်သွယ်မှုမရရှိပေ။

ဒီဇင်ဘာ ၂၁ရက်ကချိန်းဆိုသည့်ရွေးကောက်ပွဲကော်မရှင်ခုံရုံးမှစစ်ဆေးမှုတွင်လည်း ဦးဇခုန်တိန့်ယိန်း ဘက်မှ ကိုယ်စားလှယ်သာ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

Most read this week

December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...
December 18, 2015
 ဒီ့အတွက် ကချင်ပြည်နယ်ရဲ့ရွေးကောက်ပွဲအနေအထားအပေါ်အမြင်နဲ့ သုံးသပ်ချက်တွေကို ၂၀၀၀ ခုနှစ်က...