တိုင်းရင်းသားများ လူ့အခွင့်ရေးချို့ဖောက်ခံရမှုကို အနိုင်ရပါတီမှ အလေးထားစေလို

တိုင်းရင်းသားများ လူ့အခွင့်ရေးချို့ဖောက်ခံရမှုကို အနိုင်ရပါတီမှ အလေးထားစေလို
မြဝန်းရံ — ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်မှ လေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင် ခြင်းမရှိဘဲ လက်ရှိချိန်ထိ စစ်ဘေးဒဏ်ခံနေရခြင်း၊ တိုင်းရင်းသားများ လူ့အခွင့်ရေးချိုးဖောက်ခံနေရမှု များပပျောက်အနိုင်ရပါတီများ အလေးထားဆောင်ရွက်စေချင်ကြောင်းရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) မှ ဥက္ကဌဒေါ်နန်းကောင်ခမ်းက BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။ အခုကတော့ အနိုင်ရပါတီအနေနဲ့တိုင်းရင်း သားတွေအတွက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေပ ပျောက်အောင်နဲ့ ဒေသဖွံ့ဖြိုးရေးတွေကို အလေးပေးဆောင်ရွက်ပေးစေချင်တယ်။ နောက်လာဘ်စား တာလဲပပျောက်အောင်လုပ်ပေးစချေင်တယ်” ဟုပြောကြားခဲ့သည်။

တိုင်းရင်းသားဒေသများတွင် တိုက်ပွဲသံများမကြားချင်အောင်ခါးသီးနေရပြီး၊ ဒေသတွင်းတည်ငြိမ်အေး ချမ်းမှုအောင်ဦးစားပေး လုပ်မှသာ အဘက်ဘက်ကတိုးတက်အောင်ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အစိုးရကလည်း ပြည်သူအတွက် သနားညှာတာပြီး ရေရှည်ကိုတွက်ဆလုပ်ဆောင် ပေးသင့်သည့်ဟုယူဆကြောင်း ဒေါ်နန်းခမ်းက သူမ၏အမြင်များကိုဖြည့်စွတ်ပြောဆိုသည်။

လက်ရှိအနေအထား၌ မိုင်းရှုး၊ ဝမ်ဝနှင့် ဟိုက်ပါတို့တွင်စစ်ဘေးရှောင်စခန်းများအတွင်း စစ်ဘေး ရှောင်ပြည်သူများကိုလက်ခံ စောင့် ရှောက်ပေးနေရဆဲဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အဖွဲ့ အစည်းပေါင်းစုံကပါ ဝိုင်းဝန်းကူညီတောင်းဆိုပေးကြရန်လိုအပ်နေသေးသည်ဟု ဟိုင်ပါစစ်ဘေးရှောင် စခန်းတွင်ကူညီနေစူ ကျေးရွာအုပ်ချုပ်ရေး မှုးဟောင်း ဦးဖိုးအောင်က BNI ရွေးကောက်ပွဲ သတင်းခန်း သို့ပြောသည်။

“ တိုင်းရင်းသားတွေအနေနဲ့ကတော့ နိုင်ငံသားတစ်ယောက်ရဲ့ရွေးချယ်ပိုင်ခွင့်ဆုံးရှုံးတယ်လို့ခံစားရပါ တယ်။ ဒီဒေသတွေမှာ ကျည်သံတိုက်ပွဲသံတွေကြားလာရတာကြာပါပြီ။ ရပ်တန့်သွားစေချင်ပါပြီ” ဟု မိုင်းရှုးမြို့မှ ဒေါ်နန်းနုကပြောသည်။

မိုင်းရှုးစစ်ဘေးရှောင်စခန်းတွင် လားဟူတိုင်းရင်းသား ၄၀၀ခန့်မှာနေရပ်သို့ပြန်မရသေးလဲ စစ်ဘေး ရှောင်စခန်းတွင် စောင်ရှောက် ထားရဆဲဖြစ်ပြီး တာဆန်းဖူဘက်မှတက်လာသောစစ်ဘေးရှောင်ပြည် သူများမှာ ဟိုင်ပါနှင့် ဝမ်ဝစစ်ဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများကိုကူညီဆောင်ရွက်နေသူ ဒေါ်နန်းကောင်ခမ်းထံမှသိရသည်။

ရှမ်းပြည်နယ်မှ မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်နှင့် ဟိုပန်မြို့နယ်များတွင် တပ်မတော်နှင့် SSPP တပ်များ အကြားတိုက်ပွဲများဖြစ်ပွားနေ မှုကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြေငြာခဲ့သည့်မြို့များဖြစ်သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...
December 18, 2015
 ဒီ့အတွက် ကချင်ပြည်နယ်ရဲ့ရွေးကောက်ပွဲအနေအထားအပေါ်အမြင်နဲ့ သုံးသပ်ချက်တွေကို ၂၀၀၀ ခုနှစ်က...