ဦးဇခုန်တိန့်ယိန်းအားတိုင်ကြားခြင်းကို ခေါင်းစဉ်များယွင်းနေသည်ဟုဆိုကာ ရက်ရွေ့ဆိုင်း

ဦးဇခုန်တိန့်ယိန်းအားတိုင်ကြားခြင်းကို ခေါင်းစဉ်များယွင်းနေသည်ဟုဆိုကာ ရက်ရွေ့ဆိုင်း
သုတလင်း — ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းအားတိုင်ကြား ထားသည့်အမှုနှင့်ပတ်သတ်၍ NLD ဘက်မှတိုင်တန်းချက်မှာ ခေါင်းစဉ်မှားယွင်းနေ သည်ဟုဆိုကာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ယနေ့ခေါ်ယူစစ်ဆေးချက်အရသိရှိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း ၄င်းအုပ်ချုပ်ရာဒေသဖြစ်သည့် ကချင်ပြည်နယ်အထူးဒေသ(၁) အတွင်း မည်သူမျှ မဲဆွယ်စည်းရုံးခြင်းမပြုရန် စာထုတ်ပြန်ထားခဲ့သည်။

ချီဖွေဘက်သို့သွားရောက် မဲဆွယ်ခဲ့သည့် NLD လွှတ်တော်အမတ်များမှာလည်း ရိုက်နှက်ခံခဲ့ရသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ရာ ယင်းအခြေအနေများနှင့်ပတ်သတ်၍ ဆော့လော်မြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံဝေခေါင်လွမ်းကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့စာပေးပို့တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။

"ကျွန်တော်တို့ကို ခေါင်းစဉ်မှားနေတယ်။ ပြောင်းပြီး ပြန်တိုင်ပါဆိုပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ကိုချိန်းလိုက်တယ်။ ကျွန်တော်တိုင်တာ ကတော့ အမျိုးသားလွှတ်တော်ရယ် ပြည်နယ်လွှတ်တော်ရယ်မဟုတ်ပါဘူး။ ဦးဇခုန်တိန့်ယိန်းရဲ့ မတရားမှုအကြောင်းကို ရွေးကောက် ပွဲဥပဒေအတိုင်းတိုင်တန်းတာပါ" ဟု ဦးစံဝေခေါင်လွမ်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ဖြေကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် တိုင်ကြားစာလက်ခံရရှိခဲ့ထားပြီး ဒီဇင်ဘာလ ၂၁ရက် ယနေ့တွင် အမျိုးသားလွှတ်တော်ဦးဇခုန်တိန့်ယိန်းကိုစစ်ဆေး မည်ဖြစ်ပြီး ယင်းဘက်မှကော်မရှင်သို့ ထုချေလွှာတင်သွင်းရမည်ဟု လည်း ပြည်တွင်း သတင်းဌာနတစ်ချို့၏ မေးမြန်းချက်အရ ရွေးကောက်ပွဲကော်မရှင်ခုံရုံးအဖွဲ့ဝင် ဦးမောင်မောင်ကြည်က ဖြေကြား ထားခဲ့သည်။

ယနေ့နေ့လည် ၁နာရီတွင် ခုံရုံးက ပြန်လည်စစ်ဆေးမည်ဟု ပြောကြားခဲ့သော်လည်း ၁နာရီတွင် ပြန်လည်စစ်ဆေးခြင်းမရှိ ဘဲတိုင်ကြားသည့် အမှုခေါင်းစဉ်မှားယွင်းနေ သည်ဟုဆိုကာ ပြန်လည်တိုင်ကြားရန်ဒီဇင်ဘာလ ၂၈ ရက်သို့ပြန်လည်ရွေ့ဆိုင်းပေး လိုက်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ဦးဇခုန်တိန့်ယိန်းအား တိုင်ကြားစာတင်ခဲ့သည့် ဆော့လော်မြို့နယ်ပြည်နယ်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစံဝေခေါင်လွမ်းကမူ ၄င်း၏ တိုင်ကြားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ဖြေကြားသည်။

ဦးဇခုန်တိန့်ယိန်းဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ကိုယ်စားလှယ် ဦးကျော်ကျော်ဦးကမူ ၄င်းတို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် ကာလအတွင်းကဖြစ်ပွားခဲ့သော ရိုက်နှက်ခံရမှုနှင့် ပတ်သတ်၍ ယင်းအချိန်ကတည်းကပင် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားခဲ့ သော်လည်း ကော်မရှင်အနေနှင့် ရွေးကောက်ပွဲ မတိုင်ခင်ဖြေရှင်းပေးခဲ့ခြင်းမရှိသည့် အပေါ် ၄င်းက အောက်ပါအတိုင်း ဖြေကြားသည်။

" ခုလည်း ကော်မရှင်က တိကျတဲ့ဖြေရှင်းချက်နဲ့ဆောင်ရွက်ပေးမယ်လို့မမျှော်လင့် ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က သူတို့တရားမမျှတတာကို သမိုင်းမှာ မှတ်တမ်းဖြစ်သွားစေချင်လို့ လုပ်ထုံးလုပ်နည်းအရလုပ်တာပါ" ဟု ဆိုသည်။

အထက်ပါ ကိစ္စများနှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းထံသို့ BNI သတင်းဌာနမှ ၄င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်မေးမြန်း သော်လည်း ဦးဇခုန်တိန့်ယိန်းကိုင်ဆောင်သည့်ဖုန်းမဟုတ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...
December 18, 2015
 ဒီ့အတွက် ကချင်ပြည်နယ်ရဲ့ရွေးကောက်ပွဲအနေအထားအပေါ်အမြင်နဲ့ သုံးသပ်ချက်တွေကို ၂၀၀၀ ခုနှစ်က...